Friday, March 15, 2013

စိတ္တသုခကျောင်း နှစ်ပတ်လည် အထိမ်းအမှတ် အလှူတော် (မြန်မာပြည် မှတ်တမ်းပုံရိပ်အချို့)



တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း တည်ထောင်ခြင်း (၄)နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် လှူဒါန်းဖြစ်ခဲ့သည့် မြန်မာပြည်တွင်း ပရဟိတ အလှူတော်ကို ယခုနှစ်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ကော့ပလန် ဘုန်းတော်ကြီးသင် ပညာကျောင်းအား ရွေးချယ်လှူဒါန်းဖြစ်ခဲ့ပါသည်။ စိတ္တသုခကျောင်း ဆရာတော်ဥိးဆောင်သည့် ကိုရီးယားရောက် စိတ္တသုခ ဒကာဒကာမများ လှူဒါန်းသည့် ကိုရီးယားဝမ် သိန်း (၂၀)ကို မြန်မာငွေဖြင့် လဲလှယ်ပြီး ရရှိလာသည့် မြန်မာငွေ (၁၅)သိန်းကို ဆရာတော် ကိုယ်တိုင်ကြွရောက်၍ အလှူရှင်များကိုယ်စား ကော့ပလန် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကျောင်းအုပ်ဆရာတော် အရှင်ခေမာစာရထံ  (၁၃-၃-၂၀၁၃)ရက်နေ့တွင် ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ပညာရေး အထောက်အကူပြု အလှူငွေများကို လက်ခံရရှိသဖြင့် ကျောင်းအုပ်ဆရာတော်နှင့် ကရင်အမျိုးသား ကျောင်းသားကျောင်းသူများမှာ ဝမ်းသာအားရ မျက်ရည်များပင် ကျခဲ့ကြပါသည်။ ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲ သွားရောက်ကာ လှူဒါန်းဖြစ်ခဲ့သည့် အလှူမှတ်တမ်း ပုံရိပ်များကို အလှူရှင်များနှင့် အများတကာ ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ရန် ပြန်လည်မျှဝေလိုက်ပါသည်။ အားလုံးဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ပါစေ…

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster