ဒယ်ဂူးမြို့၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း အကျိုးဆောင်အဖွဲ့၏ ဦးဆောင်မှုဖြင့် ကိုရီးယားနိုင်ငံ၊ ချူဆောက်ပိတ်ရက် ကာလအတွင်း စိတ္တသုခကျောင်းတော်တွင် စုပေါင်းရဟန်းဝတ်ပွဲများ၊ တရားပွဲများနှင့် အလှူပွဲများကို အများပေါင်းစုကာ ကျင်းပပြုလုပ်ကြမည် ဖြစ်ပါသဖြင့် အားလပ်ရက်တွင် ကုသိုလ်လည်းရ ဝမ်းလည်းဝမည့် စိတ္တသုခ၏ အလှူပွဲများသို့ အောက်ပါအစီအစဉ်အတိုင်း ကြွရောက်ကြပါရန် ရပ်နီးရပ်ဝေးရှိ ရွှေမြန်မာအပေါင်းတို့အား လေးစားစွာ အသိပေး ဖိတ်ကြားအပ်ပါသည်။
အစီအစဉ်များ
- ၂၈-၉ -၂၀၁၂ ရက်၊ သောကြာနေ့ ည ၉ နာရီ = စုပေါင်း ကိုရင်ဝတ်ခြင်း
- ၂၉-၉ -၂၀၁၂ ရက်၊ စနေနေ့ = ဘူဖျောင်း မြန်မာဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီးတွင် စုပေါင်းသိမ်တက်ခြင်း
- ၃၀-၉ -၂၀၁၂ ရက်၊ တနင်္ဂနွေနေ့ = ထယ်ဂယောင်ဆန်အော့ (태경산업) ညီအစ်ကိုများ၏ ဓမ္မဒါန၊ အာဟာရဒါန အလှူပွဲ
(ဧည့်ခံချိန် - နံနက် ၁၀နာရီမှ နေ့လည် (၁)နာရီအထိ၊ တရားနာချိန်- နေ့လည် (၁)နာရီ)
- ၁-၁၀-၂၀၁၂ ရက်၊ တနင်္လာနေ့ = ကွယ်လွန်သူ ဖခင်ကြီးအား ရည်စူး၍ သားဖြစ်သူ ကိုဝင်းနိုင်ဦး (ကျောင်းအကျိုးဆောင်အဖွဲ့)၏ လလည် ရည်စူးကုသိုလ်ထူး ဓမ္မဒါန၊ အာဟာရဒါန အလှူပွဲ
(ဧည့်ခံချိန် - နံနက် ၁၀နာရီမှ နေ့လည် (၁)နာရီအထိ၊ တရားနာချိန်- နေ့လည် (၁)နာရီ)
- ၂-၁၀-၂၀၁၂ ရက်၊ အင်္ဂါနေ့ = ဒုလ္လဘရဟန်းများနှင့် စိတ္တသုခ ဝေယျာဝစ္စအဖွဲ့သားများ၏ ဆွမ်းအလှူ
- ၃-၁၀-၂၀၁၂ ရက်၊ ဗုဒ္ဓဟူးနေ့ = ဒုလ္လဘရဟန်းများနှင့် စိတ္တသုခ ဝေယျာဝစ္စအဖွဲ့သားများ၏ ဆွမ်းအလှူ
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း
မှတ်ချက်။ အလှူရှင်များ၏ အလှူကိစ္စအဝဝနှင့် ဒုလ္လဘ ရဟန်းများ၏ ဆွမ်းကွမ်းကိစ္စ အဝဝကို စိတ္တသုခကျောင်း ဝေယျာဝစ္စ အဖွဲ့ဝင်များမှ တာဝန်ယူဦးဆောင်ကာ ကုသိုလ်ယူကြမည် ဖြစ်ပါသဖြင့် အာဟာရဒါန၊ လုပ်အားဒါန ပြုလုပ်လိုသူများ အနေဖြင့် ပိတ်ရက်များတွင် ဘုန်းတော်ကြီးကျောင်းသို့ ကြွရောက်၍ တစ်နိုင်တပိုင် ပူပေါင်းပါဝင်နိုင်ပါကြောင်း အသိပေး ဖိတ်ခေါ်အပ်ပါသည်။