Wednesday, August 22, 2012

စိတ္တသုခ အဖွဲ့သားများ၏ ရခိုင်ဒေသ အလှူတော် မှတ်တမ်းပုံရိပ်များ

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများကြောင့် ဒုက္ခဖြစ်ခဲ့ကြသည့် တိုင်းရင်းသား ဒုက္ခသည်များအား တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့ စိတ္တသုခကျောင်း ဆရာတော်နှင့် ဒယ်ဂူးမြို့အနီးတစ်ဝိုက်ရှိ မြန်မာဒကာဒကာမများ၏ စုပေါင်းထောက်ပံ့ လှူဒါန်းသည့် အလှူတော် ဝမ် (၄၄)သိန်းကျော်ကို (၁၆-၈-၂၀၁၂)ရက်နေ့တွင် စိတ္တသုခကျောင်း အကျိုးဆောင် အဖွဲ့ဝင် ရခိုင်တိုင်ရင်းသား ကိုသိန်းထွန်းမောင် ကိုယ်တိုင်သွားရောက်၍ လှူဒါန်းခဲ့ပါသည်။ ကိုသိန်းထွန်းမောင်မှ မလှူခင် ဒုက္ခသည်များ၏ လိုအပ်ချက်များကို စုံးစမ်းရာတွင် ပစ္စည်းဝတ္ထုမှာ အလှူရှင် အမျိုးမျိုးက လာရောက်လှူဒါန်းထားသည့်သဖြင့် အထိုက်အလျောက် ပြည့်စုံမှုရှိသော်လည်း ပိုက်ဆံငွေကြေးမှာ ဆေးဝယ်ဖို့တောင် မရှိဘဲ ဖြစ်ရတဲ့အကြောင်း သိရှိရတဲ့အတွက် ဒုက္ခသည် အိမ်ထောင်စု ၅၉၈ကို အချိုးကျ ခွဲဝေပြီး တစ်အိမ်လျင် (၄၀၀၀)ကျပ် လှူဒါန်းခဲ့ကြောင်း အကြောင်းပြန်လာပါသည်။ မှတ်တမ်းဓာတ်ပုံများလည်း ပူတွဲတင်းပြလာပါသည်။ ဒုက္ခသည်များမှာ ဝမ်းသာလွန်းသဖြင့် ကိုရီးယားရောက် အလှူရှင်များအတွက် ဆုတောင်းမေတ္တာများလည်း အကြိမ်ကြိမ်ပို့သကြောင်း သိရှိရပါတယ်။ ထို့ကြောင့် ကိုသိန်းထွန်းမောင်မှ ပေးပို့လာသည် မိမိတို့၏ အလှူမှတ်တမ်း ပုံရိပ်များကို ဝမ်းသာပီတိ ဖြစ်စေရန် တင်ပြလိုက်ပါသည်။ 
အားလုံး ဝမ်းမြောက်နုမော် သာဓုခေါ်နိုင်ကြပါစေ…
 


0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster