Wednesday, August 15, 2012

စတုတ္ထအကြီမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မှတ်တမ်းပုံများ

စတုတ္ထအကြီမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးစီးခဲ့ပါတယ် ၊ အလှူပွဲကြီးဖြစ်တာမို့ လာရောက်သူ တော်တော်များပါတယ် ၊ အထူးသဖြင့် ကိုရီးယားကို ရောက်တာမကြာသေးတဲ့ မျာက်နှာသစ်လေးတွေ အများအပြားလာရောက်တာကို တွေ့ရတဲ့အပြင် နွေရာသီ အလုပ်ပိတ်ရက်မှာ အပန်းဖြေ ခရီးသွားနေသူတွေတောင် ပြန်လာခဲ့ပြီး အလှူပွဲကို အမှီ အပြေးအလွှား လာရောက်ကြတာကို မြင်တွေ့ရတဲ့အခါ အံ့သြ၀မ်းသာ ပိတီဖြာရပါတယ် ၊ အဟာရဒါန ပြုကြတဲ့ ဒါဆန်းရွှေညီအစ်ကိုများကလည်း ရွှင်လန်းတက်ကြွ နေကြနေပါတယ် ၊ အနှစ်သာရ ရှိလှတဲ့ တရားတော်ကို နာယူရတဲ့အတွက် အလွန်ပဲ ကျေးဇူးများလှပါတယ် ။

ရင်းနှီးခင်မင်ကြသူတွေကြားမှာ ပူပင်မှုတွေ ပျော်ရွှင်မှုတွေဟာ ကူးစက်တတ်တဲ့သဘောရှိတယ်လို့ ကျနော်ကြားဖူးခဲ့ပါတယ် ၊ အဲဒီလိုပဲ ကုသိုလ်ရေးတွေမှာလည်း သာဓုခေါ်ရင်း ကြည်နူးပီတိဖြစ်ရင်းနဲ့ ကူးဆက်နိုင်တယ်လို့ ကျနော်ယုံကြည်မိပါတယ် ၊ အဲဒါကြောင့်ပဲ ကြည်နူးဖွယ်ရာ ပီတိဖြစ်ဖွယ်ရာ သာဓုခေါ်ဖွယ်ရာ ဟောဒီမှတ်တမ်းပုံလေးများကို တင်ပေးလိုက်ပါတယ်ခင်ဗျာ..

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster