Thursday, August 2, 2012

စုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲဖိတ်ကြားခြင်း

တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း၏ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို နှစ်စဉ်ကျင်းပ ပြုလုပ်လာခဲ့ကြရာ စတုတ္ထအကြိမ်မြောက်သို့ ရောက်ရှိလာပြီ ဖြစ်သည့် ယခုနှစ်၏ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကိုလည်း ကျောင်းအကျိုးဆောင်အဖွဲ့၏ ဦးဆောင်မှု၊ ဒါဆန်းရွှေညီအစ်ကိုများ၏ အထူးစပါယ်ရှင် ဒံပေါက်ဆွမ်း အာဟာရဒါန လှူဒါန်းမှု၊ စိတ္တသုခအဖွဲ့သားများ၏ ဝေယျာဝစ္စ ဝိုင်းဝန်းပံ့ပိုးမှုများဖြင့် အစဉ်အလာမပြတ် ဆက်လက်ကျင်းပ ပြုလုပ်ကြမည် ဖြစ်ပါသဖြင့် တောင်ကိုရီးယားနိုင်ငံရောက် ရွှေမြန်မာအပေါင်းတို့အနေဖြင့် အောက်ပါအစီအစဉ်အတိုင်း အတူတကွ ကုသိုလ်ယူနိုင်ကြစေရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ 

နေ့ရက် = ၁၃၇၄ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် (၁၀)ရက်၊ ၁၂- ၈- ၂၀၁၂၊ တနင်္ဂနွေနေ့ 
ဧည့်ခံချိန် = နံနက် (၉ )နာရီမှ နေ့လည် (၂)နာရီအထိ 
တရားနာချိန် = နေ့လည် (၁)နာရီ 
အလှူရှင် = ဒါဆန်းရွှေညီအစ်ကိုများ 


မှတ်ချက်။ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းလိုသူများ အနေဖြင့် ဝါဆိုသင်္ကန်း တစ်စုံလျှင် ဝမ် (၃)သောင်းဖြင့် နီးစပ်ရာ ကျောင်းအကျိုးဆောင်များထံတွင် ဖြစ်စေ၊ အလှူနေ့တွင် ဖွင့်လှစ်ထားမည့် အလှူခံဌာနတွင် ဖြစ်စေ မိမိတို့ စိတ်တိုင်းကျ လှူဒါန်းနိုင်ကြပြီး လှူဒါန်းထားသည့် ဝါဆိုသင်္ကန်းများအား တရားနာချိန်တွင် ဆရာတော် သံဃာတော်များထံ ကိုယ်တိုင်ကိုယ်ကျ သာဟတ္ထိကဒါနမြောက် ဆက်ကပ်လှူဒါန်းကြမည် ဖြစ်ပါသည်။

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster