Monday, July 30, 2012

ဂျူလိုင်လ အလှူတော်ပွဲ မှတ်တမ်းပုံရိပ်များ

ဒီတစ်ပတ်ရဲ့ ဓါတ်ပုံလေးများကိုတော့ ကြယ်ပွင့်လေးများရဲ့ ဒိုင်ယာယီလို့ နာမည်ပေးထားလိုက်ချင်ပါတယ် ၊ ထယ်ဂယောင်ဆန်အော့ (태경산업) က ညီငယ်လေးတွေရဲ့ အလှူပွဲ မှတ်တမ်း ပုံရိပ်လေးတွေ ဖြစ်ပါတယ် ၊ 

(၁) သဒ္ဓါဒါန = ရတနာသုံးပါ၏ဂုဏ်၊ ကံ-ကံ၏အကျိုး၊ ဤနှစ်မျိုးကို ယုံကြည်သော သဒ္ဓါတရားဖြင့် လှူဒါန်းခြင်း
(၂) သက္ကစ္စဒါန = လှူဖွယ်ဝတ္ထုကို သပ်သပ်ရပ်ရပ် မွန်မြတ်အောင် ပြုလုပ်၍ အလှူခံပုဂ္ဂိုလ်ကို ရိုသေလျက်လှူခြင်း
(၃) ကာလဒါန = အချိန်အခါနှင့်သင့်လျော်အောင် လှူဒါန်းခြင်း
(၄) အနဂ္ဂဟိတဒါန= လှူဖွယ်ဝတ္ထုအပေါ် မတွယ်တာ မကပ်ငြိဘဲ အလှူခံပုဂ္ဂိုလ်ကို ချီးမြှောက်လိုသော စိတ်ထားဖြင့် လှူဒါန်းခြင်း
(၅) အနုပဟစ္စဒါန = မိမိ သူတစ်ပါး မည်သူအားမျှ ဂုဏ်မပျက်ပြား မထိပါးစေဘဲ လှူဒါန်းခြင်း ၊

 စတဲ့ သူတော်ကောင်းတို့ ဒါနပြုရာ မှာ ကျင့်သုံးတဲ့ သပ္ပုရိသဒါနသုတ်လာ ဒါနမူ (၅) ချက် နဲ့ ကိုက်ညီစွာ လှူဒါန်းခဲ့ကြတာကို မြင်တွေ့ကြရပါတယ် ။ အဲဒါကြောင့်ပဲ သာဓု အကြိမ်ကြိမ်ခေါ်ရင်းနဲ့ ဓါတ်ပုံလေးတွေကို တင်ပေးလိုက်ပါတယ်ဗျာ..

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster