Friday, July 13, 2012

လုပ်ငန်းခွင် အထောက်အကူပြု ကိုရီးယားစကားပြော သင်တန်းပို့ချပေးမည်

ဒယ်ဂူးမြို့၊ စိတ္တသုခကျောင်း ဆရာတော်၏ လမ်းညွန်မှု၊ ကျောင်းအကျိုးဆောင် အဖွဲ့၏ ကူညီပံ့ပိုးမှုဖြင့် ဒယ်ဂူးမြို့နှင့် အနီးဝန်းကျင်ရှိ စက်ရုံအလုပ်ရုံ အသီးသီး၌ အလုပ်လုပ်နေကြသည့် မြန်မာများ၏ ဘာသာစကား အခက်အခက်ကို အထောက်အကူ ပြုစေရန်ရည်ရွယ်၍ လုပ်ငန်းခွင် အထောက်အကူပြု ကိုရီးယား စကားပြော သင်တန်းကို လာမည့် (၂၂-၇-၂၀၁၂)ရက်၊ တနင်္ဂနွေနေ့မှ စတင်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း၊ နေ့လည် (၂) နာရီ မိနစ် (၃၀)မှ (၄)နာရီ မိနစ် (၃၀)အထိ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်းတွင် ကိုလှမင်းထွန်း (부경대학교, M.A (Thesis) မှ ပညာဒါနပြု ပို့ချ သင်ကြားပေးမည် ဖြစ်ပါသဖြင့် စိတ်ဝင်စားသူ မည်သူမဆို လာရောက်သင်ယူ လေ့လာနိုင်ပါကြောင်း အသိပေး ဖိတ်ခေါ်အပ်ပါသည်။ 

 မှတ်ချက်။ ကိုရီးယားဘာသာ စကား သင်ကြားပေးပါရန် လျှောက်ထားလာကြသူများ၏ ဆန္ဒအရ ဤသင်တန်းကို ခက်ခက်ခဲခဲ စီမံဖွင့်လစ်ရခြင်း ဖြစ်သဖြင့် သင်တန်းသားများ အနေဖြင့်လည်း အချိန်မီ မပျက်မကွက်တက်ရောက်ပြီး ကြိုးစားအားထုတ်ကြပါရန် စိတ္တသုခကျောင်း ဆရာတော်မှ မေတ္တာရပ်ခံ တိုက်တွန်းထားပါသည်။ 

သင်တန်းစတင်မည့်နေ့ရက် = ၂၂ - ၇ - ၂၀၁၂ (တနင်္ဂနွေနေ့တိုင်း) 
အချိန် =န့လည် (၂း ၃၀) မှ (၄း ၃၀) 
နေရာ = စိတ္တသုခကျောင်း၊ ဒယ်ဂူးမြို့

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster