Sunday, July 1, 2012

ရခိုင်ဒေသအတွက် အလှူတော် ဝမ် ၄၄၁၀၀၀၀ (လေးဆယ့်လေးသိန်းတစ်သောင်း)ကို စုပေါင်းပေးပို့ လှူဒါန်းခြင်း

ရခိုင်ဒေသအတွင်း ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများကြောင့် ဒုက္ခကိုယ်စီ ဖြစ်သွားခဲ့ကြသည့် ရခိုင်တိုင်းရင်းသား ပြည်သူများအတွက် တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့ စိတ္တသုခကျောင်း ဆရာတော်နှင့် စိတ္တသုခ အဖွဲ့သားများမှ စုပေါင်းစုဆောင်းကာ လှူဒါန်းကြသည့် အလှူတော်ငွေ ဝမ် ၄၄၁၀၀၀၀ (လေးဆယ့်လေးသိန်းတစ်သောင်း) အား အကျိုးဆောင်အများ သဘောတူညီချက်ဖြင့် ရခိုင်တိုင်းရင်းသား တစ်ဦးဖြစ်သည့် စိတ္တသုခကျောင်း အကျိုးဆောင်အဖွဲ့ဝင် ကိုသိန်းထွန်းမောင်အား ယနေ့ (၁-၇-၂၀၁၂)တွင် စေတနာသုံးတန် ပြဌာန်းလျက် ပေးအပ်လှူဒါန်းလိုက်ပြီ ဖြစ်ပါသည်။ 

 ကိုသိန်းထွန်းမောင်သည် မကြာမီ မြန်မာပြည်သို့ ခေတ္တပြန်စဉ် ရခိုင်ဒုက္ခသည်များရှိရာ အရပ်သို့ ကိုယ်တိုင်သွားရောက်ကာ ယခု လှူဒါန်းလိုက်သည့် အလှူငွေများအား လိုအပ်သည့်နေရာတွင် ထောက်ပံ့လှူဒါန်းသွားမည် ဖြစ်ပြီး အလှူမှတ်တမ်းများကိုလည်း အလျဉ်းသင့်သလို တင်ပြပေးသွားမည် ဖြစ်ပါသည်။ 

 အများပေါင်းစု၍ တတ်နိုင်သမျှ လှူဒါန်းကြသည့် အလှူငွေများသည် ဒုက္ခသည် တိုင်းရင်းသား ပြည်သူများအတွက် တစ်စုံတစ်ခု အကျိုးပြုသွားမည် ဖြစ်ပါကြောင်းနှင့် ဝိုင်းဝန်းလှူဒါန်းကြသည့် အလှူရှင်များ၏ စေတနာသဒ္ဓါတရားကို အကြိမ်အကြိမ် သာဓုခေါ်ရင်း ထပ်ဆင့်ပြန်လည် အမျှဝေလိုက်ရပါသည်။ 
 အားလုံး သာဓုခေါ်ဆိုနိုင်ကြပါစေသော်…. 
သာဓု…၊ သာဓု…၊ သာဓု

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster