Tuesday, April 24, 2012

လစဉ် တစ်လတစ်ကြိမ် တရားပွဲများနှင့် ရွှေမြန်မာတွေ့ဆုံပွဲများ ကျင်းပမည်

ကိုရီးယားနိုင်ငံရောက် ရွှေမြန်မာများ လစဉ်ကုသိုလ်တရား တိုးပွားစေရန်နှင့် အချင်းချင်း ချစ်ခင်ရင်းနှီးမှု ပိုမိုဖြစ်ထွန်းကြစေရန် ရည်ရွယ်၍ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း အကျိုးဆောင်အဖွဲ့မှ ဦးဆောင်ကာ လစဉ် တစ်လတစ်ကြိမ် တရားပွဲများနှင့် ရွှေမြန်မာတွေ့ဆုံပွဲများကို အောက်ဖော်ပြပါ လရက်များ၏ တနင်္ဂနွေနေ့များတွင် စုပေါင်းကျင်းပမည် ဖြစ်ပါသဖြင့် ရပ်နီးရပ်ဝေးရှိ ရွှေမြန်မာအပေါင်းတို့အား အတူတကွ ကူသိုလ်ယူ ပါဝင်နိုင်ကြစေရန် လေးစားစွာ အသိပေး ဖိတ်ကြားအပ်ပါသည်။ လစဉ်လတိုင်း အလှူပွဲကျင်းပမည့် ရက်မတိုင်မီ ကြိုတင်၍ ထပ်မံအသိပေး တင်ပြပါမည်။

ကျင်းပပြုလုပ်မည့် လနှင့် နေ့ရက်များ
May
13 – 5 – 2012 (၁၃၇၄ ခုနှစ်၊ ကဆုန်လကွယ်)၊ တနင်္ဂနွေနေ့
June
3 – 6 – 2012 (၁၃၇၄ခုနှစ်၊ နယုလဆန်း ၁၄ရက်၊ တနင်္ဂနွေနေ့
(တိပိဋကဓရ ဆရာတော် အထူးတရားပွဲ)
July
15 – 7 – 2012 (၁၃၇၄ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၁၂ရက်)၊ တနင်္ဂနွေနေ့
August
12 – 8 – 2012 (၁၃၇၄ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၁၀ရက်)၊ တနင်္ဂနွေနေ့
(စတုတ္ထအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ)
September
30 – 9 – 2012 (၁၃၇၄ခုနှစ်၊ တော်သလင်းလပြည့်)၊ တနင်္ဂနွေနေ့
(ချူဆောက်ပိတ်ရက် အလှူပွဲ)
October
21 – 10 – 2012 (၁၃၇၄ခုနှစ်၊ သီတင်းကျွတ်လဆန်း ၆ရက်)၊ တနင်္ဂနွေနေ့
November
11 – 11 – 2012 (၁၃၇၄ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ရက်)၊ တနင်္ဂနွေနေ့
(တတိယအကြိမ်မြောက် စုပေါင်း မဟာဘုံကထိန်အလှူပွဲ)
December
30 – 12 – 2012 (၁၃၇၄ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ရက်)၊ တနင်္ဂနွေနေ့
(2013 New Year အကြိုကုသိုလ်တော်ပွဲ)

တရားနာချိန် = နေ့လယ် ၁နာရီ
ဧည့်ခံချိန် = မနက် ၁၀နာရီမှ နေ့လယ် ၃နာရီအထိ
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း

မှတ်ချက်။ ။ အခြေအနေအရ ရက်ပြောင်းလဲမှုများ ရှိနိုင်ပါသည်။ ပြောင်းလဲခဲ့ပါက ကြိုတင်အကြောင်းကြားပါမည်။ တရားပွဲနှင့်တွေ့ဆုံပွဲ ကျင်းပမည့် ရက်များတွင် ဆရာတော်ဆွမ်းအလှူနှင့် ပရိတ်သတ်များအတွက် အာဟာရဒါန လှူဒါန်းလိုသူများသည် ကျောင်းအကျိုးဆောင်များနှင့် ဆက်သွယ်လှူဒါန်းနိုင်ပြီး၊ အလှူရှင်မရှိသည့် ရက်များတွင် ကျောင်းအကျိုးဆောင်အဖွဲ့မှ စီစဉ်ဆောင်ရွက် လှူဒါန်းပေးမည် ဖြစ်ပါသည်။ အခြားအခြား ကြားရက်များတွင် မိမိတို့ စိတ်ဆန္ဒအရ သားရေးနားရေး အလှူဒါနပွဲများ ပြုလုပ်လိုပါကလည်း နီးစပ်ရာ ကျောင်းအကျိုးဆောင်များထံ ဆက်သွယ်စီစဉ် ဆောင်ရွက်နိုင်ကြပါသည်။

ကျောင်းအကျိုးဆောင်အဖွဲ့

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster