Wednesday, April 18, 2012

နှစ်သစ်ကူးတရားပွဲ နှင့် နှစ်ဦးအလှူပွဲ မှတ်တမ်း ပုံရိပ်များ

နှစ်သစ်မှာ ကုသိုလ်ကောင်းမှုပြုခြင်းဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ကောင်းမြတ်တဲ့ အစဉ်အလာ တစ်ခုပါ ၊ အဲဒီလို အစဉ်အလာကောင်းကို ဟောဒီဒေဂူးဝန်းကျင်မှာ ရောက်နေတဲ့ ရွှေမြန်မာတွေက ထိန်းသိမ်းဖေါ်ဆောင်နိုင်ခဲ့ကြပါတယ် ၊ ဂျီလျန်းရွှေညီအစ်ကိုတွေရဲ့ အဓိက လုံ့လ၀ီရိယ ပြုချက်တွေကြောင့်ပေါ့ ။ 

အများသိကြတဲ့ အတိုင်းပါပဲ ၁၃၇၄ ခုနှစ်ဟာ ကျနော်တို့မြန်မာတွေအတွက် အပြောင်းအလဲများနဲ့နှစ် ၊ ကောင်းခြင်းတွေဆီကို သွားနေတဲ့နှစ် ဖြစ်သလို ဘာတွေဖြစ်လာမလဲဆိုတဲ့ မျှော်လင့်ချက်များနဲ့နှစ် လည်း ဖြစ်ပါတယ် ၊ ဒါကြောင့်မို့ ကောင်းသောစတင်ခြင်းတွေကနေ ကောင်းသောအလုပ်တွေ ကောင်းသောဖြစ်ရပ်တွေ ဆက်စပ်ပြီး ၊ ကောင်းခြင်းတွေ ဆက်တိုက် သယ်ဆောင်သွားနိုင်ဖို့ အတွက် ဟောဒီ မင်္ဂလာရှိလှတဲ့ ကုသိုလ်ပြုချက် ရှုခင်းရှုကွက်လေးတွေကို တင်ဆက်ပြီး မှတ်တမ်းပြုလိုက်ပါတယ်ဗျာ.. 

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster