Saturday, January 28, 2012

စိတ္တသုခ ဘုန်းတော်ကြီးကျောင်း တတိယ နှစ်ပတ်လည် မှတ်တမ်းပုံများ

နှုတ်တစ်ရာ စာတစ်လုံး ရယ်လို့ ဆိုရိုးစကားရှိပါတယ် ၊ စကားလုံးတွေ အများကြီးပြောနေတာထက် စာနဲ့ မှတ်တမ်းတင်ထားတာက ပိုပြီးထိရောက်တယ်ဆိုတဲ့ သဘောပါပဲ ၊ သူ့ထက်ပိုတာက လာပြန်တယ် ၊ ပုံတစ်ပုံဟာ စကာလုံးပေါင်းတစ်ထောင် အဖိုးထိုက်တန်ပါတယ် ( A picture is worth a thousand words ) တဲ့ ။ 

နောက်တစ်ခုပြောင်းပြီး ကုသိုလ်တရားရဲ့ သဘောသဘာဝကို ဆန်းစစ်ကြည့်ကြပါစို့ ၊ ကုသိုလ်တရားဆိုတာ ပြန်တွေးလို့ ကျေနပ်ဝမ်းမြောက်မှု ဖြစ်တဲ့အခါတိုင်း ထပ်ပွားပြီး ကုသိုလ်တွေ တိုးစေတဲ့အရာပါ ၊ ဒါကြောင့်မို့ လူကြီးသူမတွေက ပြောကြတယ် ကုသိုလ်တရားတွေကိုတော့ အကြိမ်ကြိမ် အဖန်ဖန် ပြန်တွေးလို့ ပွားများရတယ် ၊ မတော်တဆ အကုသိုလ် အမှုတစ်ခုခုကို ပြုမိရင်တော့ နောင်မလုပ်ဖို့ သင်္ခန်းစာယူပြီး တစ်ခါတည်း မေ့ပစ်ရမယ်တဲ့ ၊ ကုသိုလ်တရားနဲ့ ပတ်သက်လို့ လွယ်လွယ် သိနိုင်တာကတော့ ကျနော်တို့ လုပ်ခဲ့တဲ့ ကောင်းမှုတွေကို ပြန်တွေးတိုင်း.. တွေးတိုင်း စိတ်ချမ်းသာမှု ပီတိသုခကို ရစေတာကတော့ အသေအချာပါပဲ ၊ အဲဒီ ပီတိ သောမနဿ လေးကို ကျနော်တို့ ခံစားတတ်သွားပြီဆိုရင် နောက်ထပ် ကုသိုလ် အမှုတွေကို ဆက်လုပ်သွားစေဖို့ တွန်းအားတွေ ရသွားစေတာပါပဲ ။ 

အဲဒါကြောင့်ပဲ ကျနော်တို့အတွက် ကုသိုလ်ပွားစရာ အမှတ်ရစရာ မှတ်တမ်းမှတ်ရာ ပုံလေးတွေကို ဟောဒီမှာ တင်ထားပေးလိုက်ပါတယ်ဗျာ.. 

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster