Thursday, January 19, 2012

စိတ္တသုခကျောင်း နှစ်ပတ်လည် အလှူတော်နှင့် မြန်မာပိုင်ကျောင်းတော်ကြီး ဖြစ်မြောက်ရေး အလှူတော်ငွေ စိုက်ထူလှူဒါန်းပွဲ ဖိတ်ကြားလွှာ

တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း၏ ကျောင်းတည်ထောင်ခြင်း (၃)နှစ်ပြည့် နှစ်ပတ်လည် အလှူတော်ပွဲကို အောက်ဖော်ပြပါ ဆွမ်းအလှူရှင်များ၏ ပံ့ပိုးမှုလှူဒါန်းမှု စိတ္တသုခ ဒကာဒကာမများ၏ အတူတကွ ပေါင်းစည်းမှုတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည် ဖြစ်ပြီး နှစ်စဉ်လှူဒါန်းနေကျဖြစ်သည့် ကျောင်းတည်ထောင်ခြင်း နှစ်ပတ်လည် အလှူတော်အဖြစ် ယခုနှစ်တွင် မြန်မာပိုင်ကျောင်းတော်ကြီး ဖြစ်မြောက်ရေးအတွက် အလှူတော်ငွေ ပဒေသာပင် စိုက်ထူလှူဒါန်းခြင်းကို အများပေါင်းစု၍ ကောင်းမှုပြုကြမည် ဖြစ်ပါသဖြင့် ရပ်ဝေးရပ်နီးရှိ ရွှေမြန်မာအပေါင်းတို့အား အညီအမျှ ကုသိုလ်တော်ရကြစေဖို့ အောက်အစီအစဉ်အတိုင်း ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
အလှူတော်နေ့ရက် = ၁၃၇၃ခုနှစ်၊ ပြာသိုလပြည့်ကျော် (၁၄)ရက်၊ (၂၂-၁-၂၀၁၂)၊ တနင်္ဂနွေနေ့
ကျွေးမွေးဧည့်ခံချိန် = မနက် (၉)နာရီမှ နေ့လယ် (၂)ရီအထိ
တရားနာချိန် = နေ့လယ် (၁)နာရီ
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း

အရုဏ်ဆွမ်း (ကြာဇံချက်ဆွမ်း) အလှူရှင် = ကိုလင်းထိန်ဝင်း + မမေထက်ထက်လွင် မိသားစု
နေ့ဆွမ်း (သီးစုံထောပတ်ဆွမ်း) အလှူရှင် = ဆောင်ဆော (성서)ရွှေညီအစ်ကိုများနှင့် United Brothers ရွှေညီအစ်ကိုများ

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster