Tuesday, January 10, 2012

စိတ္တသုခ ဘုန်းတော်ကြီးကျောင်း တတိယအကြိမ် နှစ်ပတ်လည် အလှူတော်ပွဲ အစီအစဉ်

ကိုရီးယား နှစ်ကူးရက်မှာ ကျရောက်မယ့် ကျနော်တို့ စိတ္တသုခ ဘုန်းတော်ကြီးကျောင်း နှစ်ပတ်လည် အလှူပွဲတော်အတွက် အလှူရှင်များနဲ့ အစီအစဉ်များကို တင်ပြအပ်ပါတယ် ၊

နေ့ရက် = ၂၀၁၂ ခုနှစ် ဇန္န၀ါရီလ ၂၂ ရက်
ကျွေးမွေးဧည့်ခံချိန် = နေ့လယ် ၂ နာရီအထိ
တရားနာချိန် = နေ့လယ် ၁ နာရီ
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း

အရုဏ်ဆွမ်း အလှူတော် = ကြာဇံချက်
အရုဏ်ဆွမ်း အလှူရှင် = ကိုလင်းထိန်ဝင်း + မမေထက်ထက်လွင် မိသားစု

နေ့ဆွမ်း အလှူတော် = သီးစုံ ထောပတ်ထမင်း
နေ့ဆွမ်း အလှူရှင် = United Brothers ရွှေညီအစ်ကိုများ

ဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်းခဲဖွယ် ဘောဇဉ် နှင့် လှူဖွယ်ဝတ္ထု အစုစုတို့ကို ဆက်ကပ်လှူဒါန်းပြီး ကြွရောက်လာသော ဧည့်ပရိတ်သတ်အပေါင်းတို့အားလည်း နံနက်ခင်းမှ စ၍ နေ့လည်ခင်းထိ ကျွေးမွေးဧည့်ခံမည် ဖြစ်ပါသည် ။ အထက်ဖေါ်ပြပါ စားသောက်ဖွယ်ရာများ အပြင် လက်ဖက်ရည် ကော်ဖီ ဖျော်ရည် ကိတ်မုန့် သစ်သီး စသည့် ကောင်းနိုးရာရာ ရသာစုံလင်စွာ တို့ကို သဒ္ဓါတရား ထက်သန်စွာဖြင့် စီစဉ်တည့်ခင်း မည်ဖြစ်ပါသည် ၊ သို့ပါ၍ မင်္ဂလာရှိသော ကုသိုလ်တရားများနဲ့ အတူ နှစ်သစ်ကို ဖွင့်လှစ်နိုင်ကြဖို့ အလှူတော်ပွဲကို ကြွရောက်ခဲ့ကြပါဦးလို့ ခင်မင်လေးစားစွာ ဖိတ်ကြား အပ်ပါတယ်ခင်ဗျာ.. 

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster