Saturday, October 29, 2011

ဆရာတော် မြန်မာပြည်တွင် ရှိမည်

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အိမ်တော်ရာတိုက်၊ သီရိဇေယျုံကျောင်းနှင့် ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့၊ စိတ္တသု မြန်မာဘုန်းတော်ကြီးကျောင်းတို့၏ ပဓာန နာယကဆရာတော် အရှင်ဝိစိတ္တ (မနာပ ဒါယီ)သည် (၃၁-၁၀-၂၀၁၁)ရက်နေ့မှစ၍ မြန်မာပြည်တွင် (၂)လကျော်ခန့် ပြန်လည်ကြွရောက်ကာ ပြည်တွင်းသာသနာပြု လုပ်ငန်းများကို ဆောင်ရွတ်တော်မူမည် ဖြစ်ပါသည်။

ဆရာတော် မရှိခိုက် ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့ရှိ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်းနှင့် ပတ်သက်သည့် ကိစ္စအဝဝကို ကျောင်းအကျိုးဆောင်များက တာဝန်ယူ ထိန်းသိမ်းစောင့်ရှောက်ထားကြမည် ဖြစ်သဖြင့် ဘုန်းတော်ကြီးကျောင်းတွင် ဘာသာရေး၊ သာရေးနာရေး၊ လူမှုရေးကိစ္စများ ဆောင်ရွတ်လိုသူ မြန်မာဒကာဒကာမများ အနေဖြင့် ကျောင်းအကျိုးဆောင် အဖွဲ့ဝင်များနှင့် ညှိနှိုင်းတိုင်ပင်ကာ ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာ အတူတကွ ပူပေါင်းပါဝင် ဆောင်ရွတ်နိုင်ကြမည် ဖြစ်ပါသည်။

ဆရာတော် မြန်မာပြည်တွင်ရှိခိုက် လာရောက် ဖူးမျှော်လိုသူများ၊ ဘာသာရေး အသိပညာ ဖလှယ်လိုသူများ၊ ဘာသာတရားဆိုင်ရာ သိမှတ်ဖွယ်ရာ အဖြာဖြာကို မေးမြန်းလျှောက်ထား လိုသူများ အနေဖြင့်လည်း အောက်ဖော်ပြပါလိပ်စာနှင့် ဖုန်းနံပါတ်များသို့ ကြိုတင်ဆက်သွယ်ကာ ဖူးမျှော်ကြည်ညို တွေ့ဆုံမေးမြန်း လျှောက်ထားနိုင်ပါကြောင်း အသိပေးစကား ပါးအပ်ပါသည်။

မနာပ ဒါယီဆရာတော် အရှင်ဝိစိတ္တ
သီရိဇေယျုံကျောင်း၊ အိမ်တော်ရာတိုက်
မြို့မကျောင်းလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်။
ကျောင်းဖုန်း = ၃၈၃-၇၉၆
လက်ကိုင်ဖုန်း =
၀၉၄၃-၁၆၂-၃၁၂

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster