Monday, October 17, 2011

စိတ္တသုခကျောင်း စုပေါင်းကထိန်အလှူတော် ဖိတ်ကြားခြင်း

ဒယ်ဂူးမြို့၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း အကျိုးဆောင်အဖွဲ့၏ ဦးဆောင်မှူ၊ ဂျီလယန်း စက်မှုဇုန် ရွှေညီအစ်ကိုများ၏ ပံ့ပိုးလှူဒါန်းမှု၊ ဆောင်ဆော၊ ဂယောင်ဆန်၊ ဒါဆန်း၊ ဝဲဂွန်၊ ဆောင်ဂျူး၊ ယုံရှင်း၊ နန်းမိ၊ ယုံအမ်း၊ ဂုမိ၊ ဂင်မဲ၊ ဂယောင်ဂျူ၊ ဘူဆန် စသည့် အရပ်ဒေသ အသီးသီးရှိ ရွှေမြန်မာ ညီအစ်ကိုများ၏ တစ်နိုင်တစ်ပိုင် လှူဒါန်းမှုများဖြင့် အများပေါင်းစုကာ ကောင်းမှုပြုကြမည့် စိတ္တသုခ၏ ဒုတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်ပွဲတော်တွင် ဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်းသင်္ကန်းစသည့် လှူဖွယ်ဝတ္ထု အစုစုတို့ဖြင့် ဆက်ကပ်လှူဒါန်းပြီး ကြွရောက်လာသော ဧည့်ပရိတ်သတ်အပေါင်းတို့အားလည်း ဂျီလယန်းရွှေညီအစ်ကိုများ၏ အထူးစပါယ်ရှယ် ဒံပေါက်ထမင်းတို့ဖြင့် လှူဒါန်းဧည့်ခံကာ ကထိန်အနုမောဒနာတရား နာကြားရင်း ကောင်းမှုအစုစုတို့အတွက် ရေစက်သွန်ချ အမျှအတမ်း ပေးဝေကြမည် ဖြစ်ပါသဖြင့် အတူတကွ ကုသိုလ်တော် ယူနိုင်ကြစေရေး အလေးပေးလျက် အောက်ပါအစီအစဉ်အတိုင်း ကြွရောက်ကြပါရန် ရပ်နီးရပ်ဝေးရှိ ရွှေမြန်မာအပေါင်းတို့အား လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

နေ့ရက် = ၂၃-၁၀-၂၀၁၁ (၁၃၇၃ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ရက်၊ တနင်္ဂနွေနေ့)
ကျွေးမွေးဧည့်ခံချိန် = မနက် ၉ နာရီမှ နေ့လယ် ၂ နာရီအထိ
တရားနာချိန် = နေ့လယ် ၁ နာရီ
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း

ဆွမ်းအလှူတော် = အရုဏ် - မုန့်ဟင်းခါ၊ နေ့ဆွမ်း - ကြက်သားဒံပေါက်
ဆွမ်းအလှူရှင် = ဂျီလယန်းစက်မှုဇုန် ရွှေညီအစ်ကိုများ

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster