Sunday, October 2, 2011

ဖခင်ရည်စူး ကုသိုလ်ထူးအတွက် အလေးအနက် ဖိတ်ကြားချက်

ကွယ်လွန်သူ ကျေးဇူးရှင် ဖခင်ကြီး ဦးခင်မောင် (၈)နှစ်ပြည့်အား ရည်စူး၍ သားဖြစ်သူ ကိုဝင်းမြင့် (ခ) ကိုညီ (ဦးညီ) ၏ ဖခင်ရည်စူး ကုသိုလ်အလှူထူးတွင် ဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်းအစရှိသော လှူဖွယ်ဝတ္ထု အစုစုတို့ဖြင့် ဆက်ကပ်လှူဒါန်းလျက် ကြွရောက်လာသော ဧည့်ပရိတ်သတ် အပေါင်းတို့အားလည်း အထူးစပါယ်ရှင် ကြက်သားပလာတာဖြင့် ကျွေးမွေးဧည့်ခံလှူဒါန်းမည်ဖြစ်ပြီး လှူဒါန်းမှု အစုစုတို့ကို ဖခင်ကြီးနှင့်တကွ (၃၁)ဘုံ ရှိရှိသမျှ သတ္တဝါအပေါင်းအား ရေစက်သွန်ချ အမျှအတမ်း ပေးဝေကြမည်ဖြစ်ပါသဖြင့် ရပ်နီးရပ်ဝေး မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းများ အနေဖြင့် အတူတကွ ကုသိုလ်တော်ယူနိုင်ကြစေဖို့ အောက်ပါအစီအစဉ်အတိုင်း ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

နေ့ရက် = ၉-၁၀-၂၀၁၁ (တနင်္ဂနွေနေ့)
ဧည့်ခံကျွေးမွေးချိန် = နံနက် (၇)နာရီမှ နေ့လယ် (၁)နာရီအထိ
တရားနာချိန် = နေ့လယ် (၁)နာရီ
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း

ဖိတ်ကြားသူ
ကိုဝင်းမြင့် (ခ) ဦးညီ

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster