Tuesday, September 20, 2011

လစဉ်တရားပွဲနှင့် ရွှေညီအစ်ကိုများတွေ့ဆုံပွဲ ဖိတ်ကြားခြင်း


ကျနော်တို့ ရွှေမြန်မာများအတွက် ကောင်းမှု ကုသိုလ်တရားများ တိုးပွားလာရေး ၊ မကောင်းမှု အကုသိုလ်များ လျော့ပါး ကင်းစင်ရေး ၊ ဓမ္မအမြင် လောကအမြင် စသည့် အသိဥာဏ်များ ပွင့်လန်းလာစေရေး ၊ သူငယ်ချင်းများ အချင်းချင်း တစ်ဦးနှင့်တစ်ဦး ညီအစ်ကို ရင်းချာများကဲ့သို့ ချစ်ကြည်ရင်းနှီး လာကြစေရေး ၊ အခက်အခဲများကို စုပေါင်းအဖြေရှာ၍ ကူညီရိုင်းပင်းကြသော ကောင်းမြတ်သော အလေ့အကျင့်များ ထွန်းကားလာစေရေး စတဲ့ စတဲ့ များလှစွာသော အကျိုးကျေးဇူးများ ရရှိစေရန်အတွက် စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်းမှာ လစဉ် အလှူပွဲ ၊ တရားပွဲများ နဲ့ ရွှေမြန်မာ တွေ့ဆုံပွဲများကို ကျင်းပလျက်ရှိရာ ယခု စက်တင်္ဘာလမှာလည်း လစဉ်တရားပွဲ ကျင်းပမှာဖြစ်ပါတယ် ။ အဲဒီပွဲမှာ စိတ္တသုခ အကျိုးတော်ဆောင် အဖွဲ့နဲ့ ဝေယျာဝစ္စ အဖွဲ့တို့က ဟန်ချက်ညီ ပေါင်းစပ်လျက် စိတ်ကောင်းစေတနာ တို့ဖြင့် မြန်မာ ထမင်းဟင်း များကို လက်စွမ်းပြ ချက်ပြုတ်ပြီး ကျွေးမွေးဧည့်ခံမှာ ဖြစ်တဲ့အတွက် ကြွရောက်ခဲ့ကြပါဦးလို့ တလေးတစားနဲ့ ဖိတ်ကြားအပ်ပါတယ် ၊ အစီအစဉ် အသေးစိတ်မှာ အောက်ပါ အတိုင်းဖြစ်ပါတယ်ခင်ဗျား



နေ့ရက်= ၂၀၁၁ စက်တင်ဘာလ ၂၅ ရက် (တနင်္ဂနွေနေ့)

တရားနာချိန် = နေ့လယ် (၁) နာရီ

ဧည့်ခံချိန် = မနက် ၁၀နာရီမှ နေ့လယ် ၂ နာရီအထိ

နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း

အစားအသောက် = မြန်မာ ထမင်းဟင်း ၊ ကော်ဖီ



0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster