Thursday, September 15, 2011

စိတ္တသုခ အဖွဲ့သားများ၏ ဆောရပ်ဆန် (설악산) ခရီး မှတ်တမ်း ပုံရိပ်များ

ကိုဝင်းနိုင်ဦး (ပြန်ကြာရေးမှူး)မှ မှတ်တမ်းတင်ဖော်ပြပါသည်။

ချူဆောက်ပိတ်ရက် (၁၃-၉-၂၀၁၁) ရက်နေ့တုန်းက စိတ္တသုခ ဆရာတော်နဲ့တကွ ကျောင်းအကျိုးဆောင်များနဲ့ အဖွဲ့သားများဟာ ဂန်ဝမ်ဒို (강원도) ဒေသရှိ နာမည်ကြီး ဆောရပ်ဆန် (설악산) အပါအ၀င် 산 척၊ 명덕 စတဲ့ ပင်လယ်ကမ်းခြေ နေရာများကို အပန်းဖြေခရီးသွားခဲ့ကြပါတယ် ၊ သာယာလှပတဲ့ ရှုခင်းများကို ကြည့်ရှုခဲ့ရသလို လတ်ဆတ်အေးမြတဲ့ တောင်ပေါ်လေနဲ့ ပင်လယ်လေတို့ကိုလည်း ရှုရှိုက်ခဲ့ရပါတယ် ၊ မီတာ (၇၀၀) အမြင့်ကို cable car နဲ့ တက်သွားရတာကလည်း စိတ်လှုပ်ရှားဖို့ကောင်းပါတယ် ၊ တောင်ခြေမှာရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်တော်ကြီးကိုလည်း ဖူးမျှော်ခဲ့ရတဲ့အတွက် ကုသိုလ်တွေလည်း ရခဲ့ပါတယ်လို့ ပြောနိုင်ပါတယ် ။ ဓါတ်ပုံ ၀ါသနာရှင်များအတွက်ကတော့ ပိုလို့တောင် ရင်ခုန်ခဲ့ကြလိမ့်မယ်လို့ထင်မိပါတယ် ၊ အကြောင်းကတော့ ဂယ်မြောင်တက္ကသိုလ် 겨몡대학교မှ Slovenia ကျောင်းသူလေး မခဲယာ (နာမည်ကို သေချာမမှတ်မိပါ) ကလည်း လိုက်ပါလာတဲ့အတွက် ကျနော်တို့ မင်းသားများနဲ့ တစ်လှည့်စီတွဲပြီး ဓါတ်ပုံလေးတွေ ရိုက်ခဲ့ကြတာ အမှတ်ရစရာပါ ။ ဒီတစ်ခေါက် အပန်းဖြေခရီးဟာ အချိန်နီးကပ်မှ စီစဉ်လိုက်ရတဲ့အတွက် အကျိုးဆောင်အဖွဲ့ဝင်တွေ ရင်းနှီးတဲ့ သူငယ်ချင်းတွေကို ကြိုတင်ပြီး အသိမပေးလိုက်ရပါဘူး ၊ ဒါကြောင့်မို့ ပိတ်ရက်ခရီးစဉ်ဆွဲပြီးသူတွေ သူငယ်ချင်းတွေနဲ့ ချိတ်ဆက်စီစဉ်ပြီးသူတွေ မပါဝင်လိုက်ရသလို ဖြစ်သွားပါတယ် ၊ နောက်အစီအစဉ်များမှာတော့ အခုထက်ပိုပြီး ကြိုကြိုတင်တင် ဖိတ်ကြားမယ်လို့ ဆုံးဖြတ်ထားပါတယ် ၊ တကယ်တော့ ဒီခရီးစဉ်ဟာ အပျော်သဘောသက်သက်မဟုတ်ပဲနဲ့ ကျနော်တို့ အဖွဲ့သားတွေ ၊ သူငယ်ချင်းတွေ အချင်းချင်း ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင် နဲ့ နီးနီကပ်ကပ် ရှိနေကြစေလိုတဲ့အတွက် စုပေးတဲ့ ( Gathering လုပ်တဲ့ ) သဘောမျိုးပါ ။ အနှစ်ချုပ်အားဖြင့်တော့ ပျော်ရွှင်အောင်မြင်တဲ့ ခရီးစဉ်တစ်ခုကို ကျနော်တို့ သွားခဲ့ကြတာဖြစ်ပါတယ် ။ အခု ဒီမှာတင်ထားတဲ့ ဓါတ်ပုံတွေထဲက ရယူလိုသူများ / ဖျက်ပေးလိုသူများ ကျနော့်ကို ဆက်သွယ်ပါခင်ဗျား


Cittasukha First Tour - picture slideshow

1 comments:

Village Talkies said...

A great blog, it has a lot of useful information to me
Village Talkies a top-quality professional corporate video production company in Bangalore and also best explainer video company in Bangalore & animation video makers in Bangalore, Chennai, India & Maryland, Baltimore, USA provides Corporate & Brand films, Promotional, Marketing videos & Training videos, Product demo videos, Employee videos, Product video explainers, eLearning videos, 2d Animation, 3d Animation, Motion Graphics, Whiteboard Explainer videos Client Testimonial Videos, Video Presentation and more for all start-ups, industries, and corporate companies. From scripting to corporate video production services, explainer & 3d, 2d animation video production , our solutions are customized to your budget, timeline, and to meet the company goals and objectives.
As a best video production company in Bangalore, we produce quality and creative videos to our clients.

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster