Saturday, September 3, 2011

စိတ္တသုခ အဖွဲ့သားများ အများပေါင်းစု၍ ဂန်ဝမ်ဒို၊ ဆောရပ်ဆန်ဒေသ အပန်းဖြေ ခရီးထွက်ကြမည်

ကိုရီးယားရောက် ရွှေမြန်မာများ ကိုယ်စိတ်နွမ်းသမျှ လန်းလာကြစေရန်နှင့် ဒေသန္တရ ဗဟုသုတ ရကြပါစေရန် ရည်ရွယ်၍ စိတ္တသုခကျောင်းဆရာတော်နှင့် ကျောင်းအကျိုးဆောင်အဖွဲ့များမှ ဦးဆောင်၍ ချူဆောက်ပိတ်ရက်များမှ နောက်ဆုံးရက်ဖြစ်သည့် (၁၃-၉-၂၀၁၁)ရက်နေ့တွင် ကိုရီးယားနိုင်ငံ၊ ဂန်ဝမ်ဒို (강원도)ဒေသရှိ နာမည်ကြီး ဆောရပ်ဆန် (설악산)နှင့် ပင်လယ်ကမ်းခြေစသည့် နေရာများသို့ နေ့ချင်းပြန်ခရီး သွားရောက်ကြမည်ဖြစ်ပါသည်။

ဆောရပ်ဆန်သည် ကိုရီးယားနိုင်ငံတွင် နာမည်ကြီးသည့် လှပသည့် တောတောင်များတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ဂန်ဝမ်ဒိုဒေသရှိ ပင်လယ်မြင်ကွင်းနှင့် အခြားအခြားသော ရှုချင်စဖွယ် မြင်ကွင်းအသွယ်သွယ်သည်လည်း ကိုရီးယားရောက် နိုင်ငံခြားသားများ အနေဖြင့် သွားရောက် လေ့လာသင့်သည့် နေရာဒေသများ ဖြစ်ပါသဖြင့် ထိုဒေသသို့ လေ့လာရေးခရီး သွားရောက်ကြရန် စိတ္တသုခ ကျောင်းအကျိုးဆောင်များက ဦးဆောင်ကာ ဤခရီးစဉ်ကို စီစဉ်ကြခြင်း ဖြစ်ပါသည်။

ဤခရီးစဉ်တွင် ကားခ၊ စားစရိတ် အပါအဝင် ဝင်ကြေးမှအစ ခရီးစဉ်အစအဆုံးကို ဝမ်၆၀၀၀၀ (ဝမ်ခြောက်သောင်း)နှုန်း သတ်မှတ်ထားပြီး အမှတ်တရ အနေဖြင့် စိတ္တသုခ လိုဂိုတံဆိပ်ပါသည့် အင်္ကျီများကိုလည်း လက်ဆောင်ပေးရန် စီစဉ်ထားပါသည်။

ထို့အပြင် ဤခရီးစဉ်တွင် လူ(၄၅)ယောက်ဆန့် ကာကြီးတစ်စီးစာသာ ကန့်သတ်ထားပါသဖြင့် ဤခရီးစဉ်နှင့်အတူ လိုက်ပါလိုသူများသည် အောက်ဖော်ပြပါ အကျိုးဆောင်များထံ ဆက်သွယ်လျက် (၉-၉-၂၀၁၁) ရက်၊ သောကြာနေ့ကို နောက်ဆုံးထား၍ စာရင်းပေးသွင်း ကြပါရန်နှင့် (၁၃)ရက်နေ့ မနက်အစော (၄)နာရီခွဲတွင် ဘုန်းတော်ကြီးကျောင်းမှ စတင်ထွက်ခွာမည်ဖြစ်သဖြင့် လိုက်ပါမည့် သူများအနေဖြင့် ဘုန်းတော်ကြီးကျောင်းတွင် လာရောက်အိပ်စက်၍ဖြစ်စေ၊ မိမိတို့အစီအစဉ်ဖြင့် သီးသန့်လာရောက်၍ဖြစ်စေ မနက် (၄)နာရီခွဲအရောက် ဘုန်းကြီးကျောင်းသို့ လာရောက်ကြပါ ရန်လည်း ကြိုတင်၍ အသိပေးအပ်ပါသည်။

ခရီးစဉ်နှင့် ပတ်သက်၍ အသေးစိပ်သိလိုပါက အောက်ဖော်ပြပါ အကျိုးဆောင်များထံ ဆက်သွယ် မေးမြန်း စုံစမ်းနိုင်ပါသည်။

ဆက်သွယ်ရန်
ကိုဘုန်းနိုင် (၀၁၀-၅၆၅၈-၂၂၅၀)
ကိုလင်းထိန်ဝင်း (၀၁၀-၄၃၄၅-၁၉၈၀)

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster