Monday, August 15, 2011

စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း (ဒယ်ဂူး၊ ကိုရီးယား) ကျောင်းအကျိုးဆောင် အဖွဲ့နှင့် အဖွဲ့သားများ၏ စုပေါင်းအစည်းဝေးမှတ်တမ်း

စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း (ဒယ်ဂူး၊ ကိုရီးယား) ကျောင်းအကျိုးဆောင် အဖွဲ့နှင့် အဖွဲ့သားများ၏ စုပေါင်းအစည်းဝေးကို ၁၄-၈-၂၀၁၁ (တနင်္ဂနွေ) နေ့တွင် ဤကျောင်း၌ပင် ကျင်းပခဲ့ပါသည် ။ အစည်းအဝေးကို ဦးဆောင်နာယက ဆရာတော် ၊ ကျောင်းအကျိုးဆောင်အဖွဲ့နှင့် စိတ္တသုခ အဖွဲ့သား ဒကာဒကာမများ တက်ရောက် ခဲ့ကြပါသည် ။

အစည်းအဝေး၏ ရည်ရွယ်ချက်များမှာ ကျောင်းအကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးရွှန်းဝင့်နွယ်၏ ခွဲစိတ်ကုသမှု အခြေအနေအတွက် ဆက်လက်ဆောင်ရွက်ရန် ကိစ္စများကိုဆွေးနွေးရန် ၊ ကျောင်းအကျိုးဆောင်အဖွဲ့ကို ကျစ်ကျစ်လစ်လစ်ဖြင့် ပြန်လည်ဖွဲ့စည်းရန် ၊ ကျောင်းရေရှည် တည်တန့်ရေးအတွက် ဆက်လက်ထိန်းသိမ်းရန် အစီအစဉ်များကို ဆွေးနွေးညှိနှိင်းရန်တို့ဖြစ်ပါသည် ။

ပထမဦးစွာ အခမ်းအနားကို နမောတဿ သုံးကြီမ်ရွတ်ဆို၍ ဖွင့်လှစ်ကြပါသည် ။

ထို့နောက် ဆရာတော်က ဒကာဦးရွှန်းဝင့်နွယ်၏ လောလောဆယ်ရှိနေသော ကျန်းမာရေးအခြေအနေများ ၊ ဆက်လက်ကုသရန် အခြေအနေများ ၊ ပြင်ပအဖွဲ့အစည်းများမှ ရရှိသော ထောက်ပံ့မှုများ ကို ရှင်းလင်းပါသည် ၊ ဒကာများကလည်း ငွေကြေးဆိုင်ရာ ကောက်ခံရရှိမှုများကို တင်ပြလျှောက်ထား၍ လိုအပ်သည်များကို ဆွေးနွေးလျှောက်ထားကြပါသည် ။

ဆက်လက်၍ ကျောင်းအကျိုးဆောင်အဖွဲ့သစ်ကို တက်ရောက်လာကြသူများ၏ သဘောထားကို ရယူလျှက် ပြန်လည်ဖွဲ့စည်းခဲ့ပါသည် ။ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ အမည်စာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည် ။

စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း (ဒယ်ဂူး၊ ကိုရီးယား)
ရေရှည်ထိန်းသိမ်းစောင့်ရှောက်ရေး
အကျိုးဆောင်အဖွဲ့
(၁၄-၈-၂၀၁၁ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းသည်)

ဆရာတော် ဦးဝိစိတ္တ = ဦးဆောင်နာယက
ဦးရွှန်းဝင့်နွယ် = ဂုဏ်ထူးဆောင်နာယက
၁။ ဦးမင်းနိုင် = ဥက္ကဋ္ဌ
၂။ ဦးမျိုးညွန့်သိန်း (ဆရာကျောင်း) = ဒု-ဥက္ကဋ္ဌ
၃။ ဦးဝင်းနိုင်ဦး = ပြန်ကြားရေးမှူး
၎။ ဦးဘုန်းနိုင် = အတွင်းရေးမှူး
၅။ ဦးလင်းထိန်ဝင်း = ဘဏ္ဍာရေးမှူး
၆။ ဦးကျော်ကျော်မင်း = တွဲဘက်ဘဏ္ဍာရေးမှူး
၇။ ဦးသိန်းထွန်းမောင် (ဂယောင်ဆန်) = အဖွဲ့ဝင်
၈။ ဦးအောင်ကျော်ငြိမ်း (ဆောင်ဂျူး) = အဖွဲ့ဝင်
၉။ ဦးစိုးမင်း(ဂယောင်ဆန်) = အဖွဲ့ဝင်
၁၀။ ဦးဇော်ထက်ဦး (ဝဲဂွန်) = အဖွဲ့ဝင်
၁၁။ ဦးသန်းဌေး (ဒါဆန်း) = အဖွဲ့ဝင်
၁၂။ ဦးဇော်ထူးအောင် (ဂယောင်ဆန်) = အဖွဲ့ဝင်
၁၃။ ဦးအောင်နိုင် (ဂယောင်ဂျူး) = အဖွဲ့ဝင်
၁၄။ ဦးစိန်ချွန် (ဆောင်ဆော) = အဖွဲ့ဝင် တို့ဖြစ်ပါသည် ။

အခမ်းအနားအစီအစဉ်အရ ကျောင်းရေရှည် တည်တန့်ခိုင်မြဲရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ရန် အစီအစဉ်များကို ဆက်လက်ဆွေးနွေး ကြပါသည် ၊ ဆရာတော်သည် ယခုနှစ်ကုန်ပိုင်းလောက်တွင် မြန်မာနိုင်ငံသို့ ခေတ္တ ပြန်လည်ကြွရောက်၍ သာသနာပြုလုပ်ငန်းများကို ပြုလုပ်ရန် ရှိနေသဖြင့် ဤဒေဂူးကျောင်း၌ ဆရာတော် မရှိသည့်အခိုက်တွင်လည်း ကျောင်းနှင့်စပ်လျဉ်းသည့် လုပ်ဆောင်ရန် ကိစ္စများကို အရှိန်အဟုန်မပျက် ဆက်လက်ရှိနေစေရန် ၊ လစဉ်ဆိုသလို တရားပွဲများ ကျင်းပရန် စသည့် လိုအပ်သည့် အစီအစဉ်များကို ဆရာတော်က မှာကြားပါသည် ။

၎င်းနောက် အစည်းအဝေးကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို၍ ရုတ်သိမ်းလိုက်ပါသည် ။

အစည်းအဝေးတွင် အဟာရဒါနအဖြစ် ဘူးသီကြော် ၊ ရွှေရင်အေး စသည့်စားသောက်ဖွယ်ရာများကို စီမံဧည့်ခံခဲ့ကြသော ဦးမင်းနိုင် ၊ ကိုလင်းထိန်ဝင်း ၊ ကိုသက်နိုင် + မသင်းသင်းဋ္ဌေး ၊ ကိုဋ္ဌေ:အောင် ၊ ကိုလတ် နှင့် အားလုံးသော ဝေယျာဝစ္စ အဖွဲ့သားများကို ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည် ။

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster