Sunday, August 21, 2011

စိတ္တသုခ အဖွဲ့သားများ၏ မြန်မာပြည်အလှူ ပုံရိပ်မှတ်တမ်း

ကိုရီယားနိုင်ငံ၊ ဒယ်ဂူးမြို့၊ စိတ္တသုခကျောင်းဆရာတော် နှင့် ကျောင်းအကျိုးဆောင်အဖွဲ့မှ ဦးဆောင်သည့် စိတ္တသုခ အဖွဲ့သားများ၏ တတိယအကြိမ် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို အကြောင်းပြု၍ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ မြေပုံမြို့ရှိ ဂရိမုန်တိုင်းဒဏ် ခံခဲ့ရသည့် အောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်းတွင်လည်း သံဃာတော်အပါး (၂၀)ကျော်အတွက် ဝါဆိုသင်္ကန်းအလှူ၊ ကျောင်းသူကျောင်းသား အယောက် (၄၀)အတွက် ပညာရေးအလှူ၊ တစ်နေ့တာဆွမ်းအလှူနှင့် ကျောင်းအလှူတော် စသည်ဖြင့် ကိုရီးယားဝမ် သိန်း (၂၀)ကျော် (မြန်မာငွေ ၁၅သိန်းတိတိ)ကိုပါ ပေးပို့လှူဒါန်းနိုင်ခဲ့ကြပါသည်။ ထိုအလှူနဲ့ပတ်သက်၍ မှတ်တမ်းပေးပို့မှု အခက်အခဲများကြောင့် တင်ပြရန် အနည်းနောက်ကျသော်လည်း ယခုရရချင်း စိတ္တသုခ ဒကာဒကာမများ ဝမ်းမြောက်ဝမ်းသာ ဖြစ်စေဖို့ အလှူမှတ်တမ်းပုံရိပ်များကို တင်ပြအပ်ပါသည်။ နောက်နောင်လည်း နှစ်စဉ်တစ်နှစ်ကို (၂)ကြိမ်ခန့် မြန်မာပြည်ရှိ လိုအပ်သည့် နေရာများကို စုပေါင်းပြီး လှူဒါန်းကြမည် ဖြစ်သဖြင့် စိတ္တသုခ ဒကာဒကာမများ၏ အလှူများသည် ကိုရီးယားနိုင်ငံတွင်သာမက မြန်မာပြည်တွင်းသို့ပင် အကျိုးပြုပေးနေမည် ဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။


မှတ်တမ်းဓာတ်ပုံများကို READ MORE... နှိပ်ပြီး ဆက်လက်ကြည့်ရှုနိုင်ပါသည်။










0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster