Saturday, August 6, 2011

ကိုရွှန်းဝင့်နွယ်၏ ကျန်းမာရေးအခြေအနေသတင်း

ဆိုင်ကယ်တိမ်းမှောက်မှုဖြင့် ဒယ်ဂူးမြို့၊ ကက်သလစ်ဆေးရုံကြီး အထူးကြပ်မတ် ကုသဆောင်တွင် ဆေးကုသမှု ခံယူနေရသည့် ကိုရွှန်းဝင့်နွယ်၏ ကျန်းမာရေး အခြေအနေမှာ တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာလျက်ရှိကြောင်း သတင်းရရှိပါသည်။ တာဝန်ခံ ဆရာဝန်ကြီး၏ ပြောပြချက်အရ “လိုအပ်သည့် ခွဲစိပ်ကုသမှုများကို လိုအပ်သလို ကုသပေးနေပြီး ကွဲသွားသည့်ခေါင်းနှင့် ကျိုးသွားသည့် နာဖူးရိုး၊ နာခေါင်းရိုး၊ လည်ပင်းညှပ်ရိုးနဲ့ ဘယ်ဘက်မျက်လုံး တို့မှာ စိုရိမ်ဖွယ်မရှိတော့ကြောင်း၊ သို့သော် ညာဘက်မျက်လုံးနဲ့ အဓိက ခါးရိုးများအတွက် ခွဲစိပ်ကုသမှုအပိုင်းကို အထူးစောင့်ကြပ်ကာ ပြုလုပ်ပေးရမည်ဖြစ်ကြောင်း၊ ယခုလောလောဆယ်တွင် အထူးကြပ်မတ်ကုသဆောင်၌ နောက်ထပ် တစ်ပတ်ကျော်ခန့် အနီးကပ် စောင့်ကြည့်ကုသမှုကို ခံယူရန်လိုအပ်ပြီး အခြေအနေကောင်းမွန်ပါက အသေးစိပ် ခွဲစိပ်ကုသမှုကို ခံယူရမည် ဖြစ်ကြောင်း၊ စိုးရိမ်ဖွယ်မှာ ခါးရိုးကြိုးသွားသည့် အချက်ကြောင့် အောက်ပိုင်းအကြောများ ပုံမှန်အတိုင်း ဖြစ်ဖို့မဖြစ်ဖို့မှာ စိုးရိမ်ဖွယ်ဖြစ်ပြီး အောက်ပိုင်းသေသွားမှုလည်း ဖြစ်နိုင်ကြောင်း၊ အထူးကြိုးစားပြီး ကုသပေးမည် ဖြစ်ကြောင်း” စသည်ဖြင့် သိရှိရပါသည်။

ကိုရွှန်းဝင့်နွယ်၏ အခြေအနေမှာ အလွန်ပြင်းထန်သည့်အလျောက် ကုသသည့်အပိုင်းမှာလည်း အချိန်ယူကာ အကောင်းဆုံးဖြစ်အောင် ကုသရခြင်း ဖြစ်သဖြင့် ကုန်ကျစရိတ်မှာလည်း အလွန်ပင်များပြားနိုင်ကာ သိန်းရာဂဏန်း အထက်မှာပဲ ရှိနိုင်ကြောင်း ဆေးရုံတာဝန်ခံများက ဆိုပါသည်။ ကိုရွှန်းဝင့်နွယ်၏ မိတ်ဆွေသူငယ်ချင်းများကလည်း ကုန်ကျစရိတ်အတွက် အထူးဝိုင်းဝန်းကြမည် ဖြစ်သလို သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီး၏ ကူညီထောက်ပံ့မှုများကို ရရှိနိုင်ရေးလည်း ကြိုးစားနေကြောင်း ပြောဆိုကြပြီး အနယ်နယ်အရပ်ရပ်ရှိ အဖွဲ့အစည်း အသီးသီးသို့လည်း ထောက်ပံ့လှူဒါန်းမှု ရရှိရေးအတွက် မေတ္တာရပ်ခံထားကြောင်းလည်း သိရပါသည်။

ကိုရွှန်းဝင့်နွယ်သည် အနည်းဆုံး တစ်ပတ်ကျော်ကျော်ခန့် အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသမှုကို ခံယူနေရဦးမည် ဖြစ်သဖြင့် ကိုရွှန်းဝင့်နွယ်အား တွေ့ဆုံအားပေးလိုသူ မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းများ အနေဖြင့် မနက် (၇)နာရီမှ၊ (၈)နာရီ၊ ညနေ (၇)နာရီမှ (၇)နာရီခွဲ အချိန်အတွင်း သွားရောက်တွေ့ဆုံ အားပေးနိုင်ကြောင်းလည်း သတင်းရရှိပါသည်။ ကိုရွှန်းဝင့်နွယ်၏ ကျန်းမာရေး သတင်းနှင့်ပတ်သက်၍ ထူးခြားသလို ထပ်မံတင်ပြ ပေးသွားပါမည်။

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster