Thursday, August 4, 2011

မြန်မာအလုပ်သမား တစ်ဦးအလွန် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခြင်း














ဒယ်ဂူးမြို့၊ယုံရှင်းစက်မှုဇုံ၊ ယုံရှင်းဂုံဒန်းတွင် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမား တစ်ဦးဖြစ်သော ကိုရွှန်းဝင့်နွယ် (စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း အကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ၊ စာရေးဆရာ ဘလောဂ်ဂါ ကိုဝင်းလတ်)သည် ၃-၈-၂၀၁၁ရက်နေ့၊ (မနေ့က) ညနေချမ်းအချိန်တွင် မိုးသဲသဲ၌ ဆိုင်ကယ်လမ်းချော် ဘရိတ်ပေါက် တိမ်းမှောက်၍ ကုန်းမြင့်ပေါ်မှအောက်သို့ ကျရောက်ပြီး ကျောက်တုန်းကျောက်ခဲများဖြင့် ထိခိုက်မိကာ တကိုယ်လုံးတွင် အလွန်ပြင်းထန်စွာ ဒဏ်ရာအနာတရ ရရှိသွားခဲ့ပါသည်။

ယခုအချိန်တွင် ဒယ်ဂူးမြို့ရှိ ကက်သလစ်ဆေးရုံ၊ အရေးပေါ်ခန်းတွင် လိုအပ်သည့် အရေးပေါ်ကုသချက်များကို ရယူထားပြီး ဖြစ်သဖြင့် အသက်အန္တရယ်မှာ စိုးရိမ်မှု မရှိတော့ကြောင်း၊ သို့သော် နာဖူးရိုး၊ မျက်ခုံးရိုး၊ နှာခေါင်းရိုး၊ လည်ပင်းညှပ်ရိုး၊ ခါးရိုးများ ကြိုးသွားပြီး ဘယ်ဘက်မျက်လုံးမှာလည်း အလွန်ထိခိုက်သွားသဖြင့် ကုသမှုအပိုင်းမှာ အထူးစိုရိမ်နေရကြောင်း၊ ကုသမှုများ ကောင်းမွန်အောင်မြင်သွားသော်လည်း အကောင်းပတိအတိုင်း ပြန်လည်ဖြစ်ဖို့ရန်မှာ မလွယ်လှကြောင်း၊ ခါးရိုးကြိုးသွားမှုကြောင့် အောက်ပိုင်းတစ်ခုလုံးမှာ လှုပ်ရှားမှု ရဖို့အတွက် အထူးစိုးရိမ်နေရကြောင်း စသဖြင့် ဆေးရုံရှိ တာဝန်ရှိသူများမှတစ်ဆင့် ကြားသိရပါသည်။

ကိုရွှန်းဝင့်နွယ်၏ လက်ရှိအနေအထားမှာ တရားမဝင် အလုပ်သမား ဖြစ်နေသည်က တစ်ကြောင်း၊ စက်ရုံအတွင်း ထိခိုက်မှုဖြစ်ခြင်း မဟုတ်သဖြင့် လျော်ကြေးရရှိမှုမှာလည်း မဖြစ်နိုင်သည်က တစ်ကြောင်း၊ ထိခိုက်မှုများမှာ အလွန်ပြင်းထန်လွန်းသဖြင့် ကုသမှုအပိုင်းမှာ ဆေးဖိုးအကုန်အကျများလည်း အလွန်ပင် များပြားနိုင်သည်က တစ်ကြောင်း စသည်စသည့် အကြောင်းများကြောင့် အခြေအနေအရပ်ရပ်မှာ အဖက်ဖက်မှ စိုးရိမ်ရသည့် အနေအထားတွင် ရှိနေပါသည်။

ထို့ကြောင့် ကိုရွှန်းဝင့်နွယ်၏ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေမှန်ကို သိရှိနိုင်ကြစေရန်နှင့် ကိုရွှန်းဝင့်နွယ်၏ အဖြစ်ဆိုးကို တတ်နိုင်သည့်အားဖြင့် ဝိုင်းဝန်းအားဖြည့်နိုင်ကြစေရန် အဖြစ်မှန်ကို အသိပေးတင်ပြရင်း မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းများ အနေဖြင့်လည်း တတ်နိုင်သမျှ ဝိုင်းဝန်းကူညီ ပံ့ပိုးလှူဒါန်းပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ကူညီပံ့ပိုး လှူဒါန်းလိုသူများ အနေဖြင့် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များနှင့် ဆက်သွယ်၍ ဖြစ်စေ၊ ဖော်ပြဘဏ်အကောင့်သို့ လွှဲအပ်၍ဖြစ်စေ ထောက်ပံ့ကူညီ လှူဒါန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

ကိုရွှန်းဝင့်နွယ်၏ ကျန်းမာရေး သတင်းကို ထူးခြားသလို ဆက်လက်တင်ပြပေးပါမည်။

ဆက်သွယ်လှူဒါန်းရန်
၁။ ကိုနေလင်း (ရွှေကမ္ဘာ မြန်မာဆိုင်၊ ၀၁၀-၆၂၇၉-၅၂၉၉)
၂။ ကိုဘုန်းနိုင် (UB မြန်မာဆိုင်၊ ၀၁၀-၅၆၅၈-၂၂၅၀)
၃။ ကိုဇေယျာတင့် (၀၁၀-၉၈၃၈-၁၉၈၆)

ဘဏ်အကောင့် = 07 91 0004685 (DAEGU BANK- MAUNG KYAW KYAW MIN)

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster