Sunday, August 21, 2011

စိတ္တသုခ အဖွဲ့သားများ၏ မြန်မာပြည်အလှူ ပုံရိပ်မှတ်တမ်း

ကိုရီယားနိုင်ငံ၊ ဒယ်ဂူးမြို့၊ စိတ္တသုခကျောင်းဆရာတော် နှင့် ကျောင်းအကျိုးဆောင်အဖွဲ့မှ ဦးဆောင်သည့် စိတ္တသုခ အဖွဲ့သားများ၏ တတိယအကြိမ် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို အကြောင်းပြု၍ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ မြေပုံမြို့ရှိ ဂရိမုန်တိုင်းဒဏ် ခံခဲ့ရသည့် အောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်းတွင်လည်း သံဃာတော်အပါး (၂၀)ကျော်အတွက် ဝါဆိုသင်္ကန်းအလှူ၊ ကျောင်းသူကျောင်းသား အယောက် (၄၀)အတွက် ပညာရေးအလှူ၊ တစ်နေ့တာဆွမ်းအလှူနှင့် ကျောင်းအလှူတော် စသည်ဖြင့် ကိုရီးယားဝမ် သိန်း (၂၀)ကျော် (မြန်မာငွေ ၁၅သိန်းတိတိ)ကိုပါ ပေးပို့လှူဒါန်းနိုင်ခဲ့ကြပါသည်။ ထိုအလှူနဲ့ပတ်သက်၍ မှတ်တမ်းပေးပို့မှု အခက်အခဲများကြောင့် တင်ပြရန် အနည်းနောက်ကျသော်လည်း ယခုရရချင်း စိတ္တသုခ ဒကာဒကာမများ ဝမ်းမြောက်ဝမ်းသာ ဖြစ်စေဖို့ အလှူမှတ်တမ်းပုံရိပ်များကို တင်ပြအပ်ပါသည်။ နောက်နောင်လည်း နှစ်စဉ်တစ်နှစ်ကို (၂)ကြိမ်ခန့် မြန်မာပြည်ရှိ လိုအပ်သည့် နေရာများကို စုပေါင်းပြီး လှူဒါန်းကြမည် ဖြစ်သဖြင့် စိတ္တသုခ ဒကာဒကာမများ၏ အလှူများသည် ကိုရီးယားနိုင်ငံတွင်သာမက မြန်မာပြည်တွင်းသို့ပင် အကျိုးပြုပေးနေမည် ဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။


မှတ်တမ်းဓာတ်ပုံများကို READ MORE... နှိပ်ပြီး ဆက်လက်ကြည့်ရှုနိုင်ပါသည်။










READ MORE......

Monday, August 15, 2011

စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း (ဒယ်ဂူး၊ ကိုရီးယား) ကျောင်းအကျိုးဆောင် အဖွဲ့နှင့် အဖွဲ့သားများ၏ စုပေါင်းအစည်းဝေးမှတ်တမ်း

စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း (ဒယ်ဂူး၊ ကိုရီးယား) ကျောင်းအကျိုးဆောင် အဖွဲ့နှင့် အဖွဲ့သားများ၏ စုပေါင်းအစည်းဝေးကို ၁၄-၈-၂၀၁၁ (တနင်္ဂနွေ) နေ့တွင် ဤကျောင်း၌ပင် ကျင်းပခဲ့ပါသည် ။ အစည်းအဝေးကို ဦးဆောင်နာယက ဆရာတော် ၊ ကျောင်းအကျိုးဆောင်အဖွဲ့နှင့် စိတ္တသုခ အဖွဲ့သား ဒကာဒကာမများ တက်ရောက် ခဲ့ကြပါသည် ။

အစည်းအဝေး၏ ရည်ရွယ်ချက်များမှာ ကျောင်းအကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးရွှန်းဝင့်နွယ်၏ ခွဲစိတ်ကုသမှု အခြေအနေအတွက် ဆက်လက်ဆောင်ရွက်ရန် ကိစ္စများကိုဆွေးနွေးရန် ၊ ကျောင်းအကျိုးဆောင်အဖွဲ့ကို ကျစ်ကျစ်လစ်လစ်ဖြင့် ပြန်လည်ဖွဲ့စည်းရန် ၊ ကျောင်းရေရှည် တည်တန့်ရေးအတွက် ဆက်လက်ထိန်းသိမ်းရန် အစီအစဉ်များကို ဆွေးနွေးညှိနှိင်းရန်တို့ဖြစ်ပါသည် ။

ပထမဦးစွာ အခမ်းအနားကို နမောတဿ သုံးကြီမ်ရွတ်ဆို၍ ဖွင့်လှစ်ကြပါသည် ။

ထို့နောက် ဆရာတော်က ဒကာဦးရွှန်းဝင့်နွယ်၏ လောလောဆယ်ရှိနေသော ကျန်းမာရေးအခြေအနေများ ၊ ဆက်လက်ကုသရန် အခြေအနေများ ၊ ပြင်ပအဖွဲ့အစည်းများမှ ရရှိသော ထောက်ပံ့မှုများ ကို ရှင်းလင်းပါသည် ၊ ဒကာများကလည်း ငွေကြေးဆိုင်ရာ ကောက်ခံရရှိမှုများကို တင်ပြလျှောက်ထား၍ လိုအပ်သည်များကို ဆွေးနွေးလျှောက်ထားကြပါသည် ။

ဆက်လက်၍ ကျောင်းအကျိုးဆောင်အဖွဲ့သစ်ကို တက်ရောက်လာကြသူများ၏ သဘောထားကို ရယူလျှက် ပြန်လည်ဖွဲ့စည်းခဲ့ပါသည် ။ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ အမည်စာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည် ။

စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း (ဒယ်ဂူး၊ ကိုရီးယား)
ရေရှည်ထိန်းသိမ်းစောင့်ရှောက်ရေး
အကျိုးဆောင်အဖွဲ့
(၁၄-၈-၂၀၁၁ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းသည်)

ဆရာတော် ဦးဝိစိတ္တ = ဦးဆောင်နာယက
ဦးရွှန်းဝင့်နွယ် = ဂုဏ်ထူးဆောင်နာယက
၁။ ဦးမင်းနိုင် = ဥက္ကဋ္ဌ
၂။ ဦးမျိုးညွန့်သိန်း (ဆရာကျောင်း) = ဒု-ဥက္ကဋ္ဌ
၃။ ဦးဝင်းနိုင်ဦး = ပြန်ကြားရေးမှူး
၎။ ဦးဘုန်းနိုင် = အတွင်းရေးမှူး
၅။ ဦးလင်းထိန်ဝင်း = ဘဏ္ဍာရေးမှူး
၆။ ဦးကျော်ကျော်မင်း = တွဲဘက်ဘဏ္ဍာရေးမှူး
၇။ ဦးသိန်းထွန်းမောင် (ဂယောင်ဆန်) = အဖွဲ့ဝင်
၈။ ဦးအောင်ကျော်ငြိမ်း (ဆောင်ဂျူး) = အဖွဲ့ဝင်
၉။ ဦးစိုးမင်း(ဂယောင်ဆန်) = အဖွဲ့ဝင်
၁၀။ ဦးဇော်ထက်ဦး (ဝဲဂွန်) = အဖွဲ့ဝင်
၁၁။ ဦးသန်းဌေး (ဒါဆန်း) = အဖွဲ့ဝင်
၁၂။ ဦးဇော်ထူးအောင် (ဂယောင်ဆန်) = အဖွဲ့ဝင်
၁၃။ ဦးအောင်နိုင် (ဂယောင်ဂျူး) = အဖွဲ့ဝင်
၁၄။ ဦးစိန်ချွန် (ဆောင်ဆော) = အဖွဲ့ဝင် တို့ဖြစ်ပါသည် ။

အခမ်းအနားအစီအစဉ်အရ ကျောင်းရေရှည် တည်တန့်ခိုင်မြဲရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ရန် အစီအစဉ်များကို ဆက်လက်ဆွေးနွေး ကြပါသည် ၊ ဆရာတော်သည် ယခုနှစ်ကုန်ပိုင်းလောက်တွင် မြန်မာနိုင်ငံသို့ ခေတ္တ ပြန်လည်ကြွရောက်၍ သာသနာပြုလုပ်ငန်းများကို ပြုလုပ်ရန် ရှိနေသဖြင့် ဤဒေဂူးကျောင်း၌ ဆရာတော် မရှိသည့်အခိုက်တွင်လည်း ကျောင်းနှင့်စပ်လျဉ်းသည့် လုပ်ဆောင်ရန် ကိစ္စများကို အရှိန်အဟုန်မပျက် ဆက်လက်ရှိနေစေရန် ၊ လစဉ်ဆိုသလို တရားပွဲများ ကျင်းပရန် စသည့် လိုအပ်သည့် အစီအစဉ်များကို ဆရာတော်က မှာကြားပါသည် ။

၎င်းနောက် အစည်းအဝေးကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို၍ ရုတ်သိမ်းလိုက်ပါသည် ။

အစည်းအဝေးတွင် အဟာရဒါနအဖြစ် ဘူးသီကြော် ၊ ရွှေရင်အေး စသည့်စားသောက်ဖွယ်ရာများကို စီမံဧည့်ခံခဲ့ကြသော ဦးမင်းနိုင် ၊ ကိုလင်းထိန်ဝင်း ၊ ကိုသက်နိုင် + မသင်းသင်းဋ္ဌေး ၊ ကိုဋ္ဌေ:အောင် ၊ ကိုလတ် နှင့် အားလုံးသော ဝေယျာဝစ္စ အဖွဲ့သားများကို ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည် ။

READ MORE......

Sunday, August 14, 2011

ဂျီလျန်း စက်မှုဇုန်မှ ရရှိသော လစဉ်အလှူငွေများ

ဂျီလျန်း စက်မှုဇုန်မှ ရရှိသော လစဉ်အလှူငွေများကို တင်ပြပါသည် ၊

ဧပြီလအတွက် ….. (၀မ်) ၄၀၀၀၀၀
မေလအတွက် …. (၀မ်) ၄၃၀၀၀၀
ဇွန်လအတွက် ….. (၀မ်) ၄၃၀၀၀၀
ဇူလိုင်လအတွက် …(၀မ်) ၄၃၀၀၀၀
ကြိုတင်လှူဒါန်းငွေ (၀မ်) ၈၀၀၀၀ ( ကိုဖြိုးကို နှင့် ကိုတင်ဝင်းအောင် )
စုစုပေါင်း …………….. (၀မ်) ၁၇၇၀၀၀၀ ဖြစ်ပါသည် ၊

အလှူရှင်များစာရင်းကို အောက်တွင် ဆက်လက်ဖေါ်ပြပါမည် ၊ အမည်စာရင်းကျန်ရှိနေပါက နောက်တစ်ကြိမ်တွင် တင်ပေးပါမည် ၊ ယခုကဲ့သို့ ထက်သန်သော သဒ္ဓါတရားဖြင့် လှူဒါန်းသူများအား ကျောင်းအကျိုးဆောင်အဖွဲ့မှ ကျေးဇူးတင်ရှိပါသည် ၊ ဘေးရန်ကင်းကွာ၍ စိတ်အေးချမ်းစွာ ရှိကြစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါသည် ။ အလှူရှင်များမှာ …

ဆဲလ်အင်ဂျောင်ဂီ
ကိုစိုးမင်း ....... 30000
ကိုဇင်မင်းသူ.... 30000
ကိုဝေဖြိုးကျော်... 30000
ကိုဝင်းကိုလတ်... 30000
ကိုညီညီအောင်....30000
ကိုကိုဦး ............30000
ကိုလွင်မောင်ဌေး....10000
ကိုအောင်ကျော်ဇော...10000
ကိုထွန်းထွန်းလတ် ...30000
ဆောင်းဟယော့ဂုံအော့
ကိုဝင်းကို ............20000
ကိုဇော်ထူးအောင် ...20000
ကိုသိန်းထွန်းမောင် ...10000
ကိုရဲဝင်း ..............10000
ကိုစိန်မောင်မြင့်.... 10000
ကိုဟန်ဝင်းသူ .... 10000
ကိုကျော်မျိုးခိုင် ... 10000
ကိုနိုင်အောင်ကျော် ...10000
ကိုအောင်ဆန်းဦး ... 10000
ကိုချမ်းမင်းအောင် ....10000
ကိုအောင်မျိုးထက် ....10000
ကိုဇော်မြင့်ကျော် ....10000
ကိုမင်းခင် ........... .10000
ချိန်ဆောင်းချောမန်
ကိုညီညီ ........... 10000
ကိုနေမျိုး ..........10000
ကိုလင်းသူရ .......10000
ကိုအောင်မြင့်ထွန်း ..10000
ဝူဆောင်းပလတ်စတစ်
ကိုဖြိုးကို ........... 10000
ကိုတင်ဝင်းအောင် ...10000
တို့ဖြစ်ပါသည် ။

READ MORE......

Tuesday, August 9, 2011

အစည်းဝေးဖိတ်ကြားခြင်း

စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း (ဒယ်ဂူး၊ ကိုရီးယား) ကျောင်းအကျိုးဆောင် အဖွဲ့နှင့် စိတ္တသုခ အဖွဲ့သားများ၏ စုပေါင်းအစည်းဝေးကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် ဆောင်စော၊ ဂယောင်ဆန်၊ ယုံရှင်း၊ ဝဲဂွန်၊ ဒါဆန်စသည့် ဒေသအသီးသီးရှိ ကျောင်းအကျိုးဆောင် အဖွဲ့ဝင်များနှင့် စိတ္တသုခ အဖွဲ့သားများ အနေဖြင့် မပျက်မကွက် ကြွရောက်၍ အကြံပြုဆွေးနွေးပေးကြပါရန် လေးစားစွာ အသိပေးဖိတ်ကြားအပ်ပါသည်။

နေ့ရက် = ၁၄-၈-၂၀၁၁ (တနင်္ဂနွေနေ့)
အချိန် = နေ့လယ် (၂) နာရီ
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း

READ MORE......

Monday, August 8, 2011

ကိုရွှန်းဝင့်နွယ်၏ ကျန်းမာရေးအတွက် ကူညီပံ့ပိုးလှူဒါန်းသူများ (၂)

ကိုဝင်းနိုင်လတ်(ကယား) ……………………………… ၀မ် ၃ သိန်း
ကိုစိုးမိုးထက် ……………………………………………… ၂ သိန်း
ကိုဘိုမင်း ………………………………………………… ၂ သိန်း
ကိုသော်တာ …………………………………………… ၁ သိန်း ၅ သောင်း
ကိုလင်းထိန်ဝင်း …………………………………… … ၁ သိန်း ၅ သောင်း
ကိုမင်းနိုင် ……………………………………………… ၁ သိန်း ၅ သောင်း
ကိုစည်သူ၊ ကိုဇော်သူ ………………………………… ၁ သိန်း ၅ သောင်း
ကိုမျိုးမြင့်အောင် ………………………………………… ၁ သိန်း
ကိုစလေ ………………………………………………… ၁ သိန်း
ကိုချမ်းမင်းထွန်း ………………………………………… ၁ သိန်း
ကိုဇော်မင်းထွန်း ………………………… …………… ၁ သိန်း
ကိုဇော်ဇော် …………………………………………… ၁ သိန်း
ကိုမျိုးနိုင်………………………………………………… ၁ သိန်း
ကိုမင်းထွဋ်………………………………………………… ၅ သောင်း
ကိုမျိုးမြင့်ခိုင်……………………………………………… ၅ သောင်း
ကိုခင်မောင်ကျော်…………………………………………၂ သောင်း
၈.၈.၂၀၁၁ ထိ အလှူခံရရှိသူများစာရင်း။
အလှူခံ ရရှိသူများစာရင်းကို ဆက်လက်ဖော်ပြပေးပါမည်။

READ MORE......

Sunday, August 7, 2011

ကိုရွှန်းဝင့်နွယ်၏ကျန်းမာရေး အတွက်ကူညီပံ့ပိုးလှူဒါန်းသူများစားရင်း

၁။ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း …………………………………၀မ် ၁၀ သိန်း
၂။ စိတ္တသုခ လူမှုကူညီရေးအသင်း .................................................... ၅ သိန်း
၃။ ဆရာတော်ဦးသုမင်္ဂလ …………………………………………………… ၁ သိန်း
၎။ ဆရာတော်ဦးသုဝဏ္ဏ ……………………………………………… …… ၁ သိန်း
၅။ ဆရာတော်ဦးဝိစိတ္တ ……………………………………………………… ၁ သိန်း
၆။ ကိုအောင်နိုင် (ဂယောင်ဂျူး) နှင့် ကိုကျော်သူရ (စင်္ကာပူ) ……………… ၁၀ သိန်း
၇။ ကိုမျိုမင်းသန့်  နှင့် သူငယ်ချင်းများ ……………………………………… ၇ သိန်း
၈။ ကိုသက်နိုင် + မသင်းသင်းဌေး…………………………………………… ၆ သိန်း
၉။ ကိုစိုးပိုင်(အင်ချွန်းမြို့ )…………………………………………………… ၆ သိန်း
၁၀။ ကိုဂျာမင်း…………………………………………………………………… ၅ သိန်း
၁၁။ (၀ယ်ဂွမ်) ထယ်ဂျင်းစက်ရုံမှ ညီအစ်ကိုများ……………………………… ၄ သိန်း
၁၂။ ဆရာကျောင်း …………………………………………………………… ၃ သိန်း
၁၃။ ကိုဝင်းနိုင်ဦး……………………………………………………………… ၃ သိန်း
၁၄။ ကိုဇော်မင်းလေး………………………………………………………… ၃ သိန်း
၁၅။ ကိုအောင်ဇော်ဝင်း(ဖျောင်းတက် မြို့) …………………………………… ၃ သိန်း
၁၆။ ကိုဇော်ဝင်းထွန်း ………………………………………………………… ၃ သိန်း
၁၇။ ကိုစိုးနိုင်သောင်း (အင်ချွန်းမြို့ )…………………………………………… ၃ သိန်း
၁၈။ ကိုအောင်ကျော်ငြိမ်း ကိုရဲမြင့် …………………………………………… ၃ သိန်း
၁၉။ ကိုဇေယျာတင့်…………………………………………………………… ၂ သိန်း
၂၀။ ကိုဌေးအောင်…………………………………………………………… ၂ သိန်း
၂၁။ ကိုမြကြီး………………………………………………………………… ၂ သိန်း
၂၂။ ကိုအောင်ကောက်……………………………………………………… ၂ သိန်း
၂၃။ ကိုစိုးမြင့်အောင်+ဒေါက်တာနီနီမာ……………………………………… ၂ သိန်း
၂၄။ ကိုနေမျိုး……………………………………………………………… ၁ သိန်း ၅သောင်း
၂၅။ ကိုဥာဏ်ဝင်းမင်း.(ချောင်နန် မြို့ )…………………………………….. ၁ သိန်း ၅သောင်း
၂၆။ ကိုမင်းသက်…………………………………………………………… ၁ သိန်း
၂၇။ ကိုအောင်နိုင်ဝင်း ……………………………………………………… ၁ သိန်း
၂၈။ ကိုပြည့်ဖြိုးမောင် ……………………………………………………… ၁ သိန်း
၂၉။ ကိုကျော်ဝဏ္ဏ ………………………………………………………… ၁ သိန်း
၃၀။ ကိုမျိုးလွင်အောင်……………………………………………………… ၁ သိန်း
၃၁။ ကိုစိုးမိုးနိုင်…… ……………………………………………………… ၁ သိန်း
၃၂။ ကိုဇော်ထိုက်…………… …………………………………………… ၁ သိန်း
၃၃။ ကိုအောင်မျိုးထွန်း…………………………………………………… ၁ သိန်း
၃၄။ ကိုဝေလုဇော်………………………………………………………… ၁ သိန်း
၃၅။ ကိုစောလင်းစိုး………………………………………………………… ၁ သိန်း
၇.၈.၂၀၁၁ ထိအလှူခံရရှိသောစာရင်း။
အလှူခံ ရရှိသူများစာရင်းကို ဆက်လက်ဖော်ပြပေးပါမည်။

READ MORE......

Saturday, August 6, 2011

ကိုရွှန်းဝင့်နွယ်၏ ကျန်းမာရေးအခြေအနေသတင်း

ဆိုင်ကယ်တိမ်းမှောက်မှုဖြင့် ဒယ်ဂူးမြို့၊ ကက်သလစ်ဆေးရုံကြီး အထူးကြပ်မတ် ကုသဆောင်တွင် ဆေးကုသမှု ခံယူနေရသည့် ကိုရွှန်းဝင့်နွယ်၏ ကျန်းမာရေး အခြေအနေမှာ တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာလျက်ရှိကြောင်း သတင်းရရှိပါသည်။ တာဝန်ခံ ဆရာဝန်ကြီး၏ ပြောပြချက်အရ “လိုအပ်သည့် ခွဲစိပ်ကုသမှုများကို လိုအပ်သလို ကုသပေးနေပြီး ကွဲသွားသည့်ခေါင်းနှင့် ကျိုးသွားသည့် နာဖူးရိုး၊ နာခေါင်းရိုး၊ လည်ပင်းညှပ်ရိုးနဲ့ ဘယ်ဘက်မျက်လုံး တို့မှာ စိုရိမ်ဖွယ်မရှိတော့ကြောင်း၊ သို့သော် ညာဘက်မျက်လုံးနဲ့ အဓိက ခါးရိုးများအတွက် ခွဲစိပ်ကုသမှုအပိုင်းကို အထူးစောင့်ကြပ်ကာ ပြုလုပ်ပေးရမည်ဖြစ်ကြောင်း၊ ယခုလောလောဆယ်တွင် အထူးကြပ်မတ်ကုသဆောင်၌ နောက်ထပ် တစ်ပတ်ကျော်ခန့် အနီးကပ် စောင့်ကြည့်ကုသမှုကို ခံယူရန်လိုအပ်ပြီး အခြေအနေကောင်းမွန်ပါက အသေးစိပ် ခွဲစိပ်ကုသမှုကို ခံယူရမည် ဖြစ်ကြောင်း၊ စိုးရိမ်ဖွယ်မှာ ခါးရိုးကြိုးသွားသည့် အချက်ကြောင့် အောက်ပိုင်းအကြောများ ပုံမှန်အတိုင်း ဖြစ်ဖို့မဖြစ်ဖို့မှာ စိုးရိမ်ဖွယ်ဖြစ်ပြီး အောက်ပိုင်းသေသွားမှုလည်း ဖြစ်နိုင်ကြောင်း၊ အထူးကြိုးစားပြီး ကုသပေးမည် ဖြစ်ကြောင်း” စသည်ဖြင့် သိရှိရပါသည်။

ကိုရွှန်းဝင့်နွယ်၏ အခြေအနေမှာ အလွန်ပြင်းထန်သည့်အလျောက် ကုသသည့်အပိုင်းမှာလည်း အချိန်ယူကာ အကောင်းဆုံးဖြစ်အောင် ကုသရခြင်း ဖြစ်သဖြင့် ကုန်ကျစရိတ်မှာလည်း အလွန်ပင်များပြားနိုင်ကာ သိန်းရာဂဏန်း အထက်မှာပဲ ရှိနိုင်ကြောင်း ဆေးရုံတာဝန်ခံများက ဆိုပါသည်။ ကိုရွှန်းဝင့်နွယ်၏ မိတ်ဆွေသူငယ်ချင်းများကလည်း ကုန်ကျစရိတ်အတွက် အထူးဝိုင်းဝန်းကြမည် ဖြစ်သလို သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီး၏ ကူညီထောက်ပံ့မှုများကို ရရှိနိုင်ရေးလည်း ကြိုးစားနေကြောင်း ပြောဆိုကြပြီး အနယ်နယ်အရပ်ရပ်ရှိ အဖွဲ့အစည်း အသီးသီးသို့လည်း ထောက်ပံ့လှူဒါန်းမှု ရရှိရေးအတွက် မေတ္တာရပ်ခံထားကြောင်းလည်း သိရပါသည်။

ကိုရွှန်းဝင့်နွယ်သည် အနည်းဆုံး တစ်ပတ်ကျော်ကျော်ခန့် အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသမှုကို ခံယူနေရဦးမည် ဖြစ်သဖြင့် ကိုရွှန်းဝင့်နွယ်အား တွေ့ဆုံအားပေးလိုသူ မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းများ အနေဖြင့် မနက် (၇)နာရီမှ၊ (၈)နာရီ၊ ညနေ (၇)နာရီမှ (၇)နာရီခွဲ အချိန်အတွင်း သွားရောက်တွေ့ဆုံ အားပေးနိုင်ကြောင်းလည်း သတင်းရရှိပါသည်။ ကိုရွှန်းဝင့်နွယ်၏ ကျန်းမာရေး သတင်းနှင့်ပတ်သက်၍ ထူးခြားသလို ထပ်မံတင်ပြ ပေးသွားပါမည်။

READ MORE......

Thursday, August 4, 2011

မြန်မာအလုပ်သမား တစ်ဦးအလွန် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခြင်း














ဒယ်ဂူးမြို့၊ယုံရှင်းစက်မှုဇုံ၊ ယုံရှင်းဂုံဒန်းတွင် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမား တစ်ဦးဖြစ်သော ကိုရွှန်းဝင့်နွယ် (စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း အကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ၊ စာရေးဆရာ ဘလောဂ်ဂါ ကိုဝင်းလတ်)သည် ၃-၈-၂၀၁၁ရက်နေ့၊ (မနေ့က) ညနေချမ်းအချိန်တွင် မိုးသဲသဲ၌ ဆိုင်ကယ်လမ်းချော် ဘရိတ်ပေါက် တိမ်းမှောက်၍ ကုန်းမြင့်ပေါ်မှအောက်သို့ ကျရောက်ပြီး ကျောက်တုန်းကျောက်ခဲများဖြင့် ထိခိုက်မိကာ တကိုယ်လုံးတွင် အလွန်ပြင်းထန်စွာ ဒဏ်ရာအနာတရ ရရှိသွားခဲ့ပါသည်။

ယခုအချိန်တွင် ဒယ်ဂူးမြို့ရှိ ကက်သလစ်ဆေးရုံ၊ အရေးပေါ်ခန်းတွင် လိုအပ်သည့် အရေးပေါ်ကုသချက်များကို ရယူထားပြီး ဖြစ်သဖြင့် အသက်အန္တရယ်မှာ စိုးရိမ်မှု မရှိတော့ကြောင်း၊ သို့သော် နာဖူးရိုး၊ မျက်ခုံးရိုး၊ နှာခေါင်းရိုး၊ လည်ပင်းညှပ်ရိုး၊ ခါးရိုးများ ကြိုးသွားပြီး ဘယ်ဘက်မျက်လုံးမှာလည်း အလွန်ထိခိုက်သွားသဖြင့် ကုသမှုအပိုင်းမှာ အထူးစိုရိမ်နေရကြောင်း၊ ကုသမှုများ ကောင်းမွန်အောင်မြင်သွားသော်လည်း အကောင်းပတိအတိုင်း ပြန်လည်ဖြစ်ဖို့ရန်မှာ မလွယ်လှကြောင်း၊ ခါးရိုးကြိုးသွားမှုကြောင့် အောက်ပိုင်းတစ်ခုလုံးမှာ လှုပ်ရှားမှု ရဖို့အတွက် အထူးစိုးရိမ်နေရကြောင်း စသဖြင့် ဆေးရုံရှိ တာဝန်ရှိသူများမှတစ်ဆင့် ကြားသိရပါသည်။

ကိုရွှန်းဝင့်နွယ်၏ လက်ရှိအနေအထားမှာ တရားမဝင် အလုပ်သမား ဖြစ်နေသည်က တစ်ကြောင်း၊ စက်ရုံအတွင်း ထိခိုက်မှုဖြစ်ခြင်း မဟုတ်သဖြင့် လျော်ကြေးရရှိမှုမှာလည်း မဖြစ်နိုင်သည်က တစ်ကြောင်း၊ ထိခိုက်မှုများမှာ အလွန်ပြင်းထန်လွန်းသဖြင့် ကုသမှုအပိုင်းမှာ ဆေးဖိုးအကုန်အကျများလည်း အလွန်ပင် များပြားနိုင်သည်က တစ်ကြောင်း စသည်စသည့် အကြောင်းများကြောင့် အခြေအနေအရပ်ရပ်မှာ အဖက်ဖက်မှ စိုးရိမ်ရသည့် အနေအထားတွင် ရှိနေပါသည်။

ထို့ကြောင့် ကိုရွှန်းဝင့်နွယ်၏ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေမှန်ကို သိရှိနိုင်ကြစေရန်နှင့် ကိုရွှန်းဝင့်နွယ်၏ အဖြစ်ဆိုးကို တတ်နိုင်သည့်အားဖြင့် ဝိုင်းဝန်းအားဖြည့်နိုင်ကြစေရန် အဖြစ်မှန်ကို အသိပေးတင်ပြရင်း မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းများ အနေဖြင့်လည်း တတ်နိုင်သမျှ ဝိုင်းဝန်းကူညီ ပံ့ပိုးလှူဒါန်းပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ကူညီပံ့ပိုး လှူဒါန်းလိုသူများ အနေဖြင့် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များနှင့် ဆက်သွယ်၍ ဖြစ်စေ၊ ဖော်ပြဘဏ်အကောင့်သို့ လွှဲအပ်၍ဖြစ်စေ ထောက်ပံ့ကူညီ လှူဒါန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

ကိုရွှန်းဝင့်နွယ်၏ ကျန်းမာရေး သတင်းကို ထူးခြားသလို ဆက်လက်တင်ပြပေးပါမည်။

ဆက်သွယ်လှူဒါန်းရန်
၁။ ကိုနေလင်း (ရွှေကမ္ဘာ မြန်မာဆိုင်၊ ၀၁၀-၆၂၇၉-၅၂၉၉)
၂။ ကိုဘုန်းနိုင် (UB မြန်မာဆိုင်၊ ၀၁၀-၅၆၅၈-၂၂၅၀)
၃။ ကိုဇေယျာတင့် (၀၁၀-၉၈၃၈-၁၉၈၆)

ဘဏ်အကောင့် = 07 91 0004685 (DAEGU BANK- MAUNG KYAW KYAW MIN)

READ MORE......
Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster