Tuesday, July 12, 2011

စိတ္တသုခကျောင်း (ဒယ်ဂူး၊ ကိုရီးယား) စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ

စိတ္တသုခ ဒကာဒကာမများ၏ တတိယအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ၊ လစဉ်တရားပွဲ၊ ရွှေမြန်မာတွေ့ဆုံပွဲနှင့် ဒါဆန် ရွှေညီအစ်ကိုများ၏ ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် ရပ်နီးရပ်ဝေးရှိ ရွှေမြန်မာအပေါင်းတို့အား အတူတကွ ကုသိုလ်ယူနိုင်ကြစေဖို့ ကြွရောက်ကြပါရန် ကျောင်းအကျိုးဆောင်များနှင့် အလှူရှင်များက လေးစားစွာဖြင့် အလေးထားကာ ဖိတ်ကြားလိုက်ပါသည်။

အလှူနေ့ရက် = ၁၇-၇-၂၀၁၁ (ဝါဆိုလပြည့်ကျော် ၂-ရက်)၊ တနင်္ဂနွေနေ့
ဧည့်ခံကျွေးမွေးချိန် = မနက် (၁၀)နာရီမှ နေ့လယ် (၂)နာရီအထိ
တရားနာချိန် = နေ့လယ် (၁)နာရီ
နေရာ= စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း၊ ဒယ်ဂူးမြို့
အရုဏ်ဆွမ်း၊ နေ့ဆွမ်းအလှူရှင် = ဒါဆန်စက်မှုဇုံ ရွှေညီအစ်ကိုများ



မှတ်ချက်။ ။ အလှူနေ့တွင် စိတ္တသုခ ဒကာဒကာမများက မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ မြေပုံမြို့ရှိ အောင်မင်္ဂလာ ဘုန်းတော်ကြီးသင် ပညာကျောင်း၌ စုပေါင်းပေးပို့လှူဒါန်းထားသည့် ဝါဆိုသင်္ကန်းအလှူ၊ ပညာရေးအလှူနှင့် တစ်နေ့တာ ဆွမ်းအလှူ ကုသိုလ်တော်များကိုလည်း တစ်ပေါင်းတည်း ရေစက်သွန်ချ အမျှအတမ်းပေးဝေမည် ဖြစ်ပါသဖြင့် မပျက်မကွက် ကြွရောက်ကြပါရန် ထပ်မံ၍ အသိပေး ဖိတ်ကြားအပ်ပါသည်။

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster