Tuesday, June 28, 2011

စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း(ဒယ်ဂူး) စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲ အစီအစဉ်

နှစ်စဉ်ကျင်းပမြဲဖြစ်သော စိတ္တသုခမြန်မာဘုန်းတော်ကြီးကျောင်း(ဒေဂူး၊တောင်ကိုရီးယား)၏ ဝါဆိုသင်္ကန်း ကပ်လှူပွဲကို ယခင်နှစ်များနှင့်မတူ ယခုနှစ်တွင် နှစ်နေရာ ကျင်းပမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ကျောင်းတော်ကြီး၏ ဒကာ၊ဒကာမများ သဒ္ဓ္ဓါတရား ထက်သန်စွာ ဆက်ကပ်လှူဒါန်းနိုင်ရေး အတွက် သင်္ကန်းကပ်လှူပွဲ အစီအစဉ်ကို တင်ပြပါသည်။

ဝါဆိုသင်္ကန်း ကပ်လှူမည့်အစီအစဉ်-

(၁) ဝါဆိုလပြည့် ဓမ္မစင်္ကြာနေ့(၁၅-၇-၂၀၁၁ သောကြာနေ့)တွင် မြန်မာနိုင်ငံ ရခိုင်ဒေသရှိ မြေပုံမြို့ အောင်မင်္ဂလာကျောင်းတိုက်တွင် သံဃာတော် အပါး(၂၀) အား ဝါဆိုသင်္ကန်း ကပ်လှူခြင်း၊နဝကမ္မ ဝတ္တုငွေ ဆက်ကပ်လှူဒါန်းခြင်းနှင့် အဆိုပါကျောင်းတိုက်တွင် ပညာသင်ကြားနေသော ဆယ်တန်း ကျောင်းသား ကျောင်းသူ အယောက်(၄၀)တို့အတွက် ပညာဒါနအဖြစ် ပညာရေးအထောက်အပံ့ငွေ လှူဒါန်းခြင်း။

(၂)ဝါဆိုလဆုတ်(၂)ရက်(၁၇-၇-၂၀၁၁ တနင်္ဂနွေနေ့)တွင် ကိုရီးယားနိုင်ငံ၊ ဒေဂူးမြို့ စိတ္တသုခ မြန်မာ ဘုန်းတော်ကြီးကျောင်းတွင် ဝါဆိုသင်္ကန်း ဆက်ကပ်ခြင်း။ဒါဆန်းစက်မှုဇုံ ညီအကိုများမှ မြန်မာထမင်းဟင်းများဖြင့် ဧည့်ခံကျွေးမွေးပါမည်။

သင်္ကန်းဆက်ကပ်လှူဒါန်းလိုသူများ၊ပညာဒါန အလှူပေးလှူလိုသူများ ကျောင်းအကျိုးတော်ဆောင်အဖွဲနှင့် ဆက်သွယ်ကြပါရန် တိုက်တွန်းနိုးဆော်အပ်ပါသည်။

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster