Monday, June 20, 2011

လစဉ် တတိယပတ် တရားပွဲ၏ ကောင်းမှုကုသိုလ်များ

စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း(ဒေဂူး၊ကိုရီးယား)တွင် လစဉ် တတိယပတ် တနင်္ဂနွေနေ့တိုင်း တရားပွဲ၊အလှူပွဲ နှင့် ရွှေမြန်မာ တွေ့ဆုံပွဲကို ကျင်းပလျှက်ရှိပါသည်။
ကုသိုလ်တရားများ တိုးပွားစေရန်၊တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုများရှိကြစေရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ပါသည်။
အခါအားလျော်စွာ မြန်မာနိုင်ငံရှိ ဆင်းရဲနွမ်းပါးသော စာသင်ကျောင်းများ၊ရပ်ရွာဒေသဖွံ့ဖြိုးရေးကိစ္စများစသည့် အဖက်ဖက်မှ လိုအပ်နေသည်အများကိုလည်း စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း ဆရာတော်မှ ဦးဆောင် ကာ လှူဒါန်းလျှက်ရှိနေပါသည်။

လာမည့်ဇူလိုင်လ တွင် မြန်မာနိုင်ငံရှိ ဆင်းရဲနွမ်းပါသော (စာသင်တိုက်/ဘုန်းတော်ကြီးသင်ပညာရေး တွဲလျှက် ရှိသော)ဘုန်းတော်ကြီးကျောင်းသို့ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းရန် စီစဉ်ထားပါသည်။ ဝါဆိုသင်္ကန်း ကပ် လှူခြင်း၊ဆွမ်းဆက်ကပ်ခြင်း၊စာသင်သား သံဃာတော်များ(သို့မဟုတ်)ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းမှ ကျောင်းသား/သူ များအတွက် လိုအပ်သည်များ လှူဒါန်းသွားမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ အတူတကွ ကုသိုလ်ယူနိုင်ကြရန် နှင့် ဝါဆိုပွဲပါဝင်ဆင်နွဲကြပါရန် ဖိတ်ခေါ်ပါသည်။
သင်္ကန်းတစ်စုံ ဝမ်သုံးသောင်းခွဲ နှင့် စာသင်သားများအတွက် ဝမ် ငါးထောင် ဖြင့် လှူဒါန်းနိုင်ကြပါသည်။

၎-၂၀၁၁/၅-၂၀၁၁ နှင့် ၆-၂၀၁၁ အလှူရှင်များ .....
စိတ္တသုခမြန်မာ ဘုန်းတော်ကြီးကျောင်း(ဒေဂူး-ကိုရီးယား) သို့ လစဉ်အလှူရှင်များမှ စေတနာ သဒ္ဓါတရား ထက် သန်စွာဖြင့် လှူဒါန်းလျှက်ရှိကြပါသည်။
အောက်ဖေါ်ပြပါအလှူရှင်များ၏ အလှူကို ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ရန် ဖေါ်ပြလိုက်ပါသည်-
(၁)ဒေါက်တာ ဒေါ်နီနီ.........(၄-၅-၆ လ အင်တာနက်/ရေ/မီး အလှူ) ဝမ် သုံးသိန်း
(၂)ကိုအောင်နိုင်ဦး၊ညီ-ကိုမောင်မြတ်သူ(ဂယောင်ဂျူး)....................ဝမ် နှစ်သိန်း
(၃)ကိုမောင်ဇော်..(လစဉ်အလှူ)...............................................ဝမ် ငါးသောင်း
(၄)ကိုပြည့်ဖြိုးမောင် (လစဉ်အလှူ)............................................ဝမ် တစ်သောင်း
(၅)၁၉-၆-၂၀၁၁ တရားပွဲလာ အလှူရှင်များမှ ..............................ဝမ် တစ်သိန်းရှစ်သောင်း
(၆)ယုံအမ်း ကိုအောင်ကိုနှင့်သူငယ်ချင်းများ.................................ဝမ် နှစ်သိန်း
(၇) ကွယ်လွန်သူဖခင်ကြီး ဦးတင်ဝင်းအား ရည်စူး၍ သား ကိုဇော်ဇော်အောင်တင်ဝင်းမှ ဆရာတော် နဝကမ္မ အလှူ၊သင်္ကန်းအလှူနှင့် တရားပွဲလာ မိတ်ဆွေများအား ဧည့်ခံကျွေးမွေးခြင်းဖြင့် ကုသိုလ်ပြုသွားပါသ
ည်။
အလှူရှင်များစာရင်းကျန်ရှိပါက ထပ်မံတင်ပြပေးပါမည်။

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster