Sunday, June 12, 2011

တစ်လတစ်ကြိမ်တရားပွဲ၊ရွှေမြန်မာများတွေ့ဆုံပွဲနှင့် ဖခင်ကြီးအားရည်စူးကုသိုလ်ပြုခြင်း

ခင်မင်ရင်းနှီးစွာ ဖိတ်ကြားအပ်ပါသည်.....

ကိုရီးယားနိုင်ငံရောက် ရွှေမြန်မာများ လစဉ်ကုသိုလ်တရား တိုးပွားစေရန်နှင့် အချင်းချင်း ချစ်ခင်ရင်းနှီးမှု ပိုမိုဖြစ်ထွန်းကြစေရန် ရည်ရွယ်၍ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း အကျိုးဆောင်အဖွဲ့မှ ဦးဆောင်ကာ လစဉ် လတစ်လ၏ နောက်ဆုံးပတ် တနင်္ဂနွေနေ့တိုင်း ကျင်းပပြုလုပ်သည့် တစ်လတစ်ကြိမ် တရားပွဲ များနှင့် ရွှေမြန်မာတွေ့ဆုံပွဲများ တွင် ၁၉-၆-၂၀၁၁ ရက်၊တနင်္ဂနွေနေ့ တရားပွဲကို (၃-၅-၂၀၁၁)ရက်နေ့ က ကွယ်လွန်သွားသော ကျေးဇူးရှင် ဖခင်ကြီး ဦးတင်ဝင်း အားရည်စူး၍ သားဖြစ်သူ ကိုဇော်ဇော်အောင်တင်ဝင်းမှ မြတ်စွာဘုရားအားအမှူးထားပြီး ဆရာတော်အား သင်္ကန်းကပ်လှူခြင်း၊လှူဖွယ်ဝတ္ထု ဆက်ကပ်လှူဒါန်းခြင်းနှင့် မိတ်ဆွေသူငယ်ချင်းများအား ဧည့်ခံကျွေးမွေးခြင်း အလှူဖြင့် ကုသိုလ်ပြု မည်ဖြစ်ပါ၍ ကြွရောက်ကြပါရန် လေးစားစွာ အသိပေး ဖိတ်ကြားအပ်ပါသည်။

နေ့ရက်= June 19 – 6 – 2011 (တနင်္ဂနွေနေ့)
တရားနာချိန် = နေ့လယ် (၁) နာရီ
ဧည့်ခံချိန် = မနက် ၁၀နာရီမှ နေ့လယ် ၂ နာရီအထိ
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster