Tuesday, May 24, 2011

ဒယ်ဂူး စာပေဆွေးနွေးဝိုင်း အသိပေးဖိတ်ကြားခြင်း



၂၀၁၁ ကိုရီးယား စာပေပွဲကျင်းပရေး ကော်မတီနှင့် စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း အကျိုးဆောင်များ၏ ဦးဆောင်မှုဖြင့် စီစဉ်ဆောင်ရွတ်ထားသည့် နိုင်ငံကျော် စာရေးဆရာ ဆရာဖေမြင့်၊ နိုင်ငံကျော် ပန်းချီကာတွန်းဆရာ ဆရာအော်ပီကျယ်နှင့် ကိုရီးယားနိုင်ငံ အောက်ပိုင်းရှိ စာပေချစ်ခင်သူတို့၏ စာပေဆွေးနွေးဝိုင်းနှင့် ဆရာတပည့် ချစ်ခင်ရင်းနှီးစွာ တွေ့ဆုံကြမည့် စုံညီပွဲကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် ရပ်နီးရပ်ဝေးရှိ ရွှေညီအစ်ကို မောင်နှစ်မအပေါင်းအား အတူတကွ ပါဝင်ဆင်နွဲနိုင်ဖို့ ကြွရောက်ကြပါရန် လေးစားစွာ အသိပေး ဖိတ်ကြားအပ်ပါသည်။


နေ့ရက် = ၂၉-၅-၂၀၁၁ (တနင်္ဂနွေနေ့)
အချိန် = နေ့လယ် ၂နာရီမှ ၅နာရီအထိ
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း


မှတ်ချက်။ ။ ဆရာများနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ ကြွရောက်လာကြသော ပရိတ်သတ်အပေါင်းအား စိတ္တသုခ လူမှုကူညီရေး အသင်းနှင့် ကိုသက်နိုင်+မသင်းသင်းဌေးတို့မှ လဘက်ရည်နှင့် ကော်ပြန့်လိပ်ကြော်များဖြင့် ကျွေးမွေးဧည့်ခံမည် ဖြစ်ပါသည်။

ရည်ညွန်း = ဟန်းဂုရွာ

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster