Monday, May 2, 2011

ကောင်းမွန်ဘုံဘဝ ရောက်ပါစေကြောင်း ကုသိုလ်လောင်း၍ဝေ

၈-၄-၂၀၁၁(သောကြာနေ့)က ကွယ်လွန်သွားသော ကိုမိုးကောင်း(ခ)ကိုမြတ်ဝင်းဇော် နှင့် ၁၅-၄-၂၀၁၁(သောကြာနေ့) က ကွယ်လွန်သွားသော ကိုလှမျိုးဝင်း တို့အား ကောင်းမွန်သော ဘုံဘဝ ရောက်ပါစေရန် စိတ်ရည်သန်၍ မိတ်ဆွေသူငယ်ချင်းများမှ ဒယ်ဂူးမြို၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်းတွင် ကောင်းမှုကုသိုလ် အလှူပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် ရပ်နီးရပ်ဝေးရှိ မိတ်ဆွေသူငယ်ချင်းအပေါင်းတို့အား အတူတကွ အမျှဝေ သာဓုခေါ်ဆိုနိုင်ကြစေရန် ဖိတ်ကြားအပ်ပါသည်။

- နေ့ရက် = ၈-၅-၂၀၁၁၊ တနင်္ဂနွေနေ့
- ဧည့်ခံချိန် = နံနက် ၁၀နာရီမှ နေ့လည် ၂နာရီအထိ
- တရားနာချိန် = နေ့လည် ၁၂နာရီ ၃၀
- နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း

(ကုသိုလ်ပွဲအစီအစဉ်တွင် ကွယ်လွန်သွားသော သူငယ်ချင်းများအားရည်စူး၍ မြန်မာနိုင်ငံရှိ ဆင်းရဲနွမ်းပါးသော ပရိယတ္တိ စာသင်တိုက်တစ်တိုက်မှ စာသင်သံဃာတော်များအား သင်္ကန်းဆက်ကပ်ရန်ဖြစ်ပြီး ကြွရောက်လာသော မိတ်ဆွေအပေါင်းအသင်းများကိုလည်း အထူးရှယ် ဒန်ပေါက်ဖြင့် ဧည့်ခံကျွေးမွေးပါမည်။)

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster