Thursday, April 7, 2011

ကိုမိုးကောင်း၏ ကျန်းမာရေးအခြေအနေ နောက်ဆက်တွဲသတင်း


ယနေ့ မနက်ဆေးရုံတွင် သွားရောက်အကူအညီ ပေးနေသည့် စိတ္တသုခ လူမှုကူညီရေး အသင်းမှ အကျိုးဆောင်များ၏ ပြောပြချက်အရ မနေ့တစ်နေ့ကအထိ စိုးရိမ်ရသည့် အနေအထားတွင် ရှိနေသည့် ကိုမိုးကောင်း၏ ကျန်းမာရေး အခြေအနေမှာ တိုးတက်ကောင်းမွန်မှု ရှိလာကြောင်း သိရှိရပါသည်။ ယနေ့မနက်ပိုင်းတွင် သတိလည်း ပြန်လာရလာသည့် အနေအထားတွင် ရှိနေပြီး ဘေးကပြောသမျှတွေကိုလည်း တစ်ခုချင်း နားလည်နေသည့် သဘောရှိသည်ကို တွေ့နေရသည်ဟု ဆိုပါသည်။ လက်ရှိအနေအထားအရ သူ၏ ကျန်းမာရေး အနေအထားကို တိတိကျကျ ပုံသေပြော၍ရမည့် အနေအထား မရှိသေးသော်လည်း ယခင်နေ့များထက်စာလျှင် တိုးတက်မှုရှိလာကြောင်း ဆိုပါသည်။ သို့သော်လည်း အလွန်စိုးရိမ်ရသည့် အနေအထားမှ ဝိုင်းဝန်းကြိုးစား ကုသပေးနေရခြင်း ဖြစ်သဖြင့် ဆက်လက်၍ စောင့်ကြည့်ရမှာဖြစ်ကြောင်း လူမှုကူညီရေးအသင်း အကျိုးဆောင်များက ဆိုပါသည်။ ကိုမိုးကောင်း၏ ကျန်းမာရေးအခြေအနေ နောက်ဆက်တွဲသတင်းများကို ထူးခြားလျင် ထူးခြားသလို ဆက်လက်တင်ပြ ပေးသွားပါမည်။

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster