Tuesday, April 5, 2011

ကိုမိုးကောင်း(ခ)ကိုမြတ်ဇော်ဝင်း လက်ရှိကျန်းမာရေးအခြေအနေ




ကိုမိုးကောင်းကို တနင်္လာနေ့မှ စတင်၍ ဆေးရုံသုံးရုံ ပြောင်းလဲပြ သခဲ့ရာ ယခုနောက်ဆုံးကသလစ် ဆေးရုံကြီးတွင် တင်ထား ရပြီဖြစ်ပါသည်။ ဆေးရုံ၏ဆေးစစ်ချက်အရ မူလက အသဲရောဂါ ရှိကြောင်း၊အအေးမိပြီး အဆုတ်အအေးပတ်သည်ကို နှစ်ပတ်ခန့် ထိရောက်စွာမကုသပဲ ပေါ့ဆစွာ နေထိုင်ခဲ့မိခြင်း၊ အစားအသောက် မှားယွင်းခြင်းများကြောင့် အစာအိမ်နှင့် အူလမ်း ကြောင်းများ ကို ထိခိုက်သွားပြီး အူနံရံများ ကောင်းမွန်မှုမရှိတော့ခြင်း၊ အဆုတ် ကောင်းမွန် မှု မရှိတော့ခြင်း စသည့် ဝမ်းတွင်း ကလီစာများ အတော်ပင် ချို့ယွင်းနေကြောင်း၊ထို့အပြင် ဆီးလမ်းကြောင်းမှာလဲ ကျောက်တည်နေ၍ ခွဲထုတ်ရန် လိုအပ်နေကြောင်း၊သွေးပမာမှာလဲ လူတစ်ယောက်ရှိ သင့်သည် ထက်လေးပုံ တစ်ပုံသာရှိ၍ အလွန်သွေး အားနည်း နေကြောင်း၊ လက်ရှိသွေးသွင်းထားရပြီး အစာကိုလဲ ပိုက်မှချပေး နေရကြောင်း၊ ရောဂါကိုတစ်ခုခြင်းစီကုသပါက သိန်း၅၀ အထက် ကုန်ကျနိုင်ကြောင်း၊ လက်ရှိ အနေအထားအရ သူငယ်ချင်းများက စုပေါင်း၍ တတ်နိုင် သလောက် ဖြင့်အစွမ်းကုန်ကုသပေးနေပါကြောင်း ကိုမိုးကောင်း၏ ကျန်းမာရေးအခြေအနေကို တင်ပြလိုက်ရပါသည်။

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster