Monday, March 21, 2011

စုပေါင်းကုသိုလ် မျှဝေလိုပါသောကြောင့်......

“ဖြူစင်ဒါန တူမျှဝေမည်”

အမေမွေးတဲ့ ရွှေလက်နဲ့
နေ့ဆက်ဆက် ငွေရှာ
သမာအာဇီဝဆိုတာ ဒါပေါ့...။
ဝေးတမြေ တနယ်ခြားမှာ
စီးပွားရှာအမေ့သား
မောပန်းနိုင်အားပါဘူး...။
တစ်ဆုတ်ကြဲ တစ်လှည်းဝင်
ဒါနတွေဖြူစင်ချင်လို့
ကုသိုလ်လျှင် အစဉ်ပြုတယ်
တူမျှဝေ သာဓုခေါ်စေတော့.....။

ခင်မင်ရင်းနှီးစွာ ဖိတ်ကြားအပ်ပါသည်.....
ကိုရီးယားနိုင်ငံရောက် ရွှေမြန်မာများ လစဉ်ကုသိုလ်တရား တိုးပွားစေရန်နှင့် အချင်းချင်း ချစ်ခင်ရင်းနှီးမှု ပိုမိုဖြစ်ထွန်းကြစေရန် ရည်ရွယ်၍ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း အကျိုးဆောင်အဖွဲ့မှ ဦးဆောင်ကာ လစဉ် လတစ်လ၏ နောက်ဆုံးပတ် တနင်္ဂနွေနေ့တိုင်း ကျင်းပပြုလုပ်မည့် တစ်လတစ်ကြိမ် တရားပွဲများနှင့် ရွှေမြန်မာတွေ့ဆုံပွဲများ တွင် ၂၇-၃-၂၀၁၁ ရက်၊တနင်္ဂနွေနေ့ တရားပွဲကို ယုံရှင်း စက်မှုဇုံမှ ရွှေညီအကိုများ၊ သူငယ်ချင်းများ ပေါင်းစု၍ ဘုရားအမှုးရှိသော သံဃာတော် အရှင်မြတ်အား ဆွမ်းအလှူ နှင့် မြန်မာနိုင်ငံတွင် ဆရာတော်ဦးစီး၍ တည်ထောင်ရန်ရှိသော မနာပဒါယီ စာကြည့်တိုက် အတွက် အလှူအစရှိသော ကောင်းမှုကုသိုလ်များ စုပေါင်း ပြုလုပ်ကြမည်ဖြစ်ပါ၍ အတူတကွ ကုသိုလ်ယူ ပါဝင်နိုင်ကြစေရန် လေးစားစွာ အသိပေး ဖိတ်ကြားအပ်ပါသည်။

နေ့ရက်= March 27 – 3 – 2011 (၁၃၇၂ခုနှစ်၊ တပေါင်းလဆုတ် ၈ရက်)၊ တနင်္ဂနွေနေ့
တရားနာချိန် = နေ့လယ် ၁နာရီ
ဧည့်ခံချိန် = မနက် ၁၀နာရီမှ နေ့လယ် ၃နာရီအထိ
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster