Tuesday, February 22, 2011

ဖိတ်ကြားအပ်ပါသည်

ဒယ်ဂူးမြို့၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်မည့် တစ်လတစ်ကြိမ် တရားပွဲများနှင့် ရွှေမြန်မာတွေ့ဆုံပွဲများတွင် ယခုလ တရားပွဲနှင့်တွေ့ဆုံပွဲ၏ အာဟာရဒါန အလှူရှင်အဖြစ် ကျွန်တော်တို့ ဆောင်ဆော (성서)ရွှေညီအစ်ကိုများမှ နန်းကြီးသုတ်၊ လဘက်ရည်များဖြင့် အာဟာရဒါနပြုကာ ကျွေးမွေးလှူဒါန်းမည် ဖြစ်ပါသဖြင့် ရပ်ဝေးရပ်နီးရှိ ရွှေမြန်မာအပေါင်းတို့အား အောက်ပါအစီအစဉ်အတိုင်း ကြွရောက်ချီးမြှောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

နေ့ရက် = ၂၇ - ၂- ၂၀၁၁ (တပို့တွဲလဆုတ် ၉-ရက်)၊ တနင်္ဂနွေနေ့
တရားနာချိန် = နေ့လယ် ၁ နာရီ
ဧည့်ခံချိန် = မနက် ၁၀နာရီမှ နေ့လယ် ၃နာရီအထိ
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း

အာဟာရဒါန အလှူရှင် = ဆောင်ဆော (성서) ရွှေညီအစ်ကိုများ

မှတ်ချက် ။ ။ တရားပွဲအပြီးတွင် စိတ္တသုခ လူမှုကူညီရေးအသင်း၏ ရံပုံငွေအလှူ ဆိုက်ထူလှူဒါန်းပွဲကိုလည်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူများ မည်သူမဆို ပါဝင်လှူဒါန်းနိုင်ပါကြောင်း ကြိုတင်အသိပေး ကြေငြာအပ်ပါသည်။

လေးစားစွာဖြင့်
ဆောင်ဆောရွှေညီအစ်များ

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster