Thursday, February 17, 2011

လစဉ် တစ်လတစ်ကြိမ် တရားပွဲများနှင့် ရွှေမြန်မာတွေ့ဆုံပွဲများ ကျင်းပမည်

ကိုရီးယားနိုင်ငံရောက် ရွှေမြန်မာများ လစဉ်ကုသိုလ်တရား တိုးပွားစေရန်နှင့် အချင်းချင်း ချစ်ခင်ရင်းနှီးမှု ပိုမိုဖြစ်ထွန်းကြစေရန် ရည်ရွယ်၍ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း အကျိုးဆောင်အဖွဲ့မှ ဦးဆောင်ကာ လစဉ် လတစ်လ၏ နောက်ဆုံးပတ် တနင်္ဂနွေနေ့တိုင်း ကျင်းပပြုလုပ်မည့် တစ်လတစ်ကြိမ် တရားပွဲများနှင့် ရွှေမြန်မာတွေ့ဆုံပွဲများကို အောက်ဖော်ပြပါ လရက်များ၏ တနင်္ဂနွေနေ့များတွင် စုပေါင်းကျင်းပမည် ဖြစ်ပါသဖြင့် ရပ်နီးရပ်ဝေးရှိ ရွှေညီအစ်ကို မောင်နှမများအား အတူတကွ ကူသိုလ်ယူ ပါဝင်နိုင်ကြစေရန် လေးစားစွာ အသိပေး ဖိတ်ကြားအပ်ပါသည်။ လစဉ်လတိုင်း အလှူပွဲကျင်းပမည့် ရက်မတိုင်မီ ကြိုတင်၍ ထပ်မံအသိပေး တင်ပြပါမည်။ ကျင်းပပြုလုပ်မည့် လနှင့် နေ့ရက်များ



  • February = 27 – 2 – 2011 (၁၃၇၂ခုနှစ်၊ တပို့တွဲလဆုတ် ၉ရက်)၊ တနင်္ဂနွေနေ့

  • March = 27 – 3 – 2011 (၁၃၇၂ခုနှစ်၊ တပေါင်းလဆုတ် ၈ရက်)၊ တနင်္ဂနွေနေ့

  • April = 17 – 4 – 2011 (၁၃၇၃ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ရက်)၊ တနင်္ဂနွေနေ့ (သင်္ကြန်ပွဲနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲ)

  • May = 22 – 5 – 2011 (၁၃၇၃ခုနှစ်၊ ကဆုန်လဆုတ် ၁၂ရက်)၊ တနင်္ဂနွေနေ့

  • June = 26 – 6 – 2011 (၁၃၇၃ခုနှစ်၊ နယုန်လဆုတ် ၁၀ရက်)၊ တနင်္ဂနွေနေ့

  • July = 17 – 7 – 2011 (၁၃၇၃ခုနှစ်၊ ဝါဆိုလဆုတ် ၂ရက်)၊ တနင်္ဂနွေနေ့ (တတိယအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ)

  • August = 28 – 8 – 2011 (၁၃၇၃ခုနှစ်၊ ဝါခေါင်လကွယ်)၊ တနင်္ဂနွေနေ့

  • September = 25 – 9 – 2011 (၁၃၇၃ခုနှစ်၊ တော်သလင်းလဆုတ် ၁၃ရက်)၊ တနင်္ဂနွေနေ့ (၁၁ - ၁၂- ၁၃ ကိုရီးယားနိုင်ငံ၏ ချူဆောက်ပိတ်ရက်များလည်း ရှိသည်)

  • October = 23 – 10 – 2011 (၁၃၇၃ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ရက်)၊ တနင်္ဂနွေနေ့ (စုပေါင်းမဟာဘုံကထိန် အလှူပွဲ)

  • November = 27 – 11 – 2011 (၁၃၇၃ခုနှစ်၊ နတ်တော်လဆန်း ၂ရက်)၊ တနင်္ဂနွေနေ့

  • December = 1 – 1 – 2012 (၁၃၇၃ခုနှစ်၊ ပြာသိုလဆန်း ၈ရက်)၊ တနင်္ဂနွေနေ့ (ခရစ်နှစ်သစ်ကူးနေ့)

တရားနာချိန် = နေ့လယ် ၁နာရီ ဧည့်ခံချိန် = မနက် ၁၀နာရီမှ နေ့လယ် ၃နာရီအထိ နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း မှတ်ချက်။ ။ အခြေအနေအရ ရက်ပြောင်းလဲမှုများ ရှိနိုင်ပါသည်။ ပြောင်းလဲခဲ့ပါက ကြိုတင်အကြောင်းကြားပါမည်။ တရားပွဲနှင့်တွေ့ဆုံပွဲ ကျင်းပမည့် ရက်များတွင် ဆရာတော်ဆွမ်းအလှူနှင့် ပရိတ်သတ်များအတွက် အာဟာရဒါန လှူဒါန်းလိုသူများသည် ကျောင်းအကျိုးဆောင်များနှင့် ဆက်သွယ်လှူဒါန်းနိုင်ပြီး၊ အလှူရှင်မရှိသည့် ရက်များတွင်ကား ကျောင်းအကျိုးဆောင်အဖွဲ့မှ စီစဉ်ဆောင်ရွက် လှူဒါန်းပေးမည် ဖြစ်ပါသည်။ အခြားအခြား ကြားရက်များတွင် မိမိတို့ စိတ်ဆန္ဒအရ သားရေးနားရေး အလှူဒါနပွဲများ ပြုလုပ်လိုပါကလည်း အောက်ဖော်ပြပါ ကျောင်းအကျိုးဆောင်များထံတွင် ဆက်သွယ်စီစဉ် ဆောင်ရွက်နိုင်ကြပါသည်။ ကိုရွှန်းဝင့်နွယ် (010-5132-5299) ကိုဘုန်းနိုင် (010-7252-1676) ကိုလင်းထိန်ဝင်း (010-4345-1980)

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster