Monday, January 31, 2011

ဓမ္မဒူတ ဒေါက်တာ အရှင်ဆေကိန္ဒ အထူးတရားပွဲ…

ဒယ်ဂူးမြို့၊ စိတ္တသုခမြန်မာ ဘုန်းတော်ကြီးကျောင်း၊ ကျောင်းအကျိုးဆောင်အဖွဲ့၏ ဦးဆောင်မှုဖြင့် ကျောင်း တည်ထောင်ခြင်း (၂)ပြည့် အထိမ်းအမှတ် အဖြစ် ကျင်းပပြုလုပ်မည့်

ဓမ္မဒူတ ဒေါက်တာ အရှင်ဆေကိန္ဒ

အထူးတရားပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် ရပ်နီးရပ်ဝေးရှိ ဆရာတော်၏ တပည့်ဒကာဒကာမများနှင့် တရားချစ်ခင် သူတော်စင် အပေါင်းတို့အား အတူတကွ တရားတော်နာ ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။


ဓမ္မသဘင် အစီအစဉ်
နေ့ရက် =
၆-၂-၂၀၁၁ (တနင်္ဂနွေနေ့)
တရားနာချိန် = နေ့လယ် ၁၂နာရီ (ဆရာတော် ဆွမ်းစားအပြီး)
ဧည့်ခံကျွေးမွေးချိန် = နံနက် ၉နာရီမှ ၁၂နာရီအထိ
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း၊ ဒယ်ဂူးမြို့၊

မှတ်ချက်။ ။ ဆရာတော် အရှင်ဆေကိန္ဒသည် တရားပွဲပြီးပြီးချင်း ဓမ္မဒူတ ခရီးစဉ်အတွက် လေယာဉ်ကွင်းသို့ တိုက်ရိုက်ပြန်လည် ကြွရောက်တော်မူမည် ဖြစ်ပါသဖြင့် တရားချစ်ခင် သူတော်စင်များ အနေဖြင့် တရားနာချိန် အတိအကျ ကြွရောက်ကြပါရန်နှင့် တရားပွဲနေ့တွင် ရွှေကမ္ဘာမိသားစုမှ ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းပြီး ဧည့်ပရိတ်သတ် အပေါင်းတို့အားလည်း မုန့်ဟင်းခါးဖြင့် အဟာရဒါနပြု လှူဒါန်းမည် ဖြစ်ပါကြောင်း ကြိုတင်အသိပေး ကြေငြာအပ်ပါသည်။

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster