Monday, October 4, 2010

နှစ်လည်ဆွမ်းအလှူတော် ဖိတ်ကြားခြင်း

ကွယ်လွန်သူ ဖခင်ကြီး ဦးခင်မောင်အား ရည်စူး၍ လှူဒါန်းမည့်(၇)နှစ်ပြည့် နှစ်လည်အလှူတော်တွင် ဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ် အပေါင်းတို့အား စားသောက်ဖွယ်ရာ အဖြာဖြာတို့ဖြင့် ဆက်ကပ်လှူဒါန်း ကျွေးမွေးပြီး ကုသိုလ်ကောင်းမှု အစုစုအား ဖခင်ကြီးအား ရေစက်သွန်ချ အမျှအတမ်းပေးဝေပွဲကို အောက်ပါအတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် ရပ်နီးရပ်ဝေးရှိ မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းများအား အတူတကွ ကြွရောက်ချီးမြှောက်နိုင်ကြစေရန် ခင်မင်ရင်းနှီးစွာ ဖိတ်ကြားအပ်ပါသည်။

ဖိတ်ကြားသူ
သား- ကိုဝင်းမြင့် (ခ) ဦးညီ

နေ့ရက် = ၁၀-၁၀-၂၀၁၀ (တနင်္ဂနွေနေ့)
ဧည့်ခံချိန် = နံနက် ၉ နာရီမှ နေ့လယ် ၂နာရီအထိ
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း

မှတ်ချက်။ ။ ယိုးဒယားအစာ၊ ဥရောပအစားအစာများနှင့် လှူဒါန်းဆက်ကပ် ကျွေးမွေးဧည့်ခံပါမည်။

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster