Friday, September 24, 2010

ရက်လည်ဆွမ်းသွပ် တရားတော်နာ ဖိတ်ကြားခြင်း...

(၁၉-၉-၂၀၁၀) ရက်နေ့တွင် ကွယ်လွန်သွားသော ကိုသန်းမောင် (မြင်းခြံ)၊ အသက် (၃၇)နှစ်အား ရည်စူး၍ ကျန်ရစ်ခဲ့သော မိသားစုနှင့် မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းများ၏ ရက်လည်ဆွမ်းကျွေး တရားနာအမျှဝေနှင့် ရုပ်ကလာပ်အား မီးသင်္ဂြိုဟ်ခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် ရပ်နီးရပ်ဝေးရှိ မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းများအား ရက်လည်ဆွမ်းသွပ် တရားတော်နာ ကြွရောက်ကြပါရန်နှင့် အတူတကွ အသုဘ လိုက်ပါပို့ဆောင်ပေးနိုင်ပါရန် အသိပေးဖိတ်ကြားအပ်ပါသည်။

နေ့ရက် = ၂၆- ၉- ၂၀၁၀ (တနင်္ဂနွေနေ့)
ဆွမ်းသွပ်တရားနာချိန် = နံနက် (၈)နာရီ
ဧည့်ခံကျွေးမွေးချိန် = နံနက် ၆ နာရီမှ ၉ နာရီအထိ
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း၊ ဒယ်ဂူးမြို့
မီးသင်္ဂြိုဟ်ချိန် = နေ့လယ် (၁) နာရီ

မှတ်ချက်။ အသုဘလိုက်ပါ ပို့ဆောင်ခြင်းကို ဘုန်းတော်ကြီးကျောင်းမှ စုရပ်အနေဖြင့် ထွက်ခွာမည် ဖြစ်ပါသဖြင့် လိုက်ပါပို့ဆောင်လိုသူများ အနေဖြင့် ဘုန်းတော်ကြီးကျောင်းသို့ လာရောက်ကြရန် ဖြစ်ပါသည်။ ထွက်ခွါချိန်အတိအကျကို မနက်ဖြန် တရားနာအပြီး ထပ်မံကြေငြာပေးပါမည်။

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster