Monday, July 19, 2010

စုပေါင်း ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ဖိတ်ကြားခြင်း

ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း ကျောင်းအကျိုးဆောင် များ၏ ဦးဆောင်မှု၊ ယူရှင်းစက်ရုံ ရွှေမြန်မာညီအစ်ကိုများနှင့် ဂယောင်ဆန် ဂျီလျန်းစက်မှုဇုံ ရွှေညီအစ်ကိုများ၏ သဒ္ဓါဖွေးဖြူ ပေးလှူ လှူဒါန်းမှုတို့ဖြင့် ကျင်းပပြုလုပ်မည့် ဒုတိယအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲတွင် ဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ်တို့အား ၀ါဆိုသင်္ကန်း၊ ဆွမ်းအစရှိသော လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းပြီး တရားဓမ္မများလည်း နာကြားကြမည် ဖြစ်ပါသဖြင့် ရပ်နီးရပ်ဝေးရှိ မြန်မာညီအစ်ကို မောင်နှစ်မအပေါင်းတို့အား အောက်ပါအစီအစဉ်အတိုင်း ကြွရောက်၍ ကုသိုလ်အတူ ယူနိုင်ကြစေရန် ခင်မင်လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

အစီအစဉ်
အလှူမင်္ဂလာ နေ့ရက် = ၂၅-၇-၂၀၁၀ (တနင်္ဂနွေနေ့)
တရားနာချိန် = နေ့လယ် ၁နာရီ
ကျွေးမွေးဧည့်ခံချိန် = မနက် ၆နာရီမှ နေ့လယ် ၂နာရီအထိ
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း (ကိုရီးယား၊ ဒယ်ဂူးမြို့)

အရုဏ်ဆွမ်း အလှူရှင် = ဂယောင်ဆန်၊ ဂျီလျန်းစက်မှုဇုံ ရွှေမြန်မာ ညီအစ်ကိုများ (မြီးရှည်ခေါက်ဆွဲ)
နေ့ဆွမ်း အလှူရှင် = ယူရှင်းကုမ္ပဏီ စက်ရုံ ရွှေမြန်မာ ညီအစ်ကိုများ (မြန်မာအစားအစာ)

မှတ်ချက်။ ။ ၀ါဆိုသင်္ကန်းများကို တစ်စုံလျှင် ၃၀၀၀၀ (၀မ်သုံးသောင်း)နှုန်းဖြင့် အကျိုးဆောင်များထံသို့ ဆက်သွယ်၍လည်းကောင်း၊ အလှူနေ့တွင် ဖွင့်လှစ်ထားရှိမည့် အလှူခံ ဌာနတွင် တိုက်ရိုက် လှူဒါန်းခြင်းဖြင့် လည်းကောင်း၊ ကျောင်းဆိုဒ်ရှိ ဘဏ်အကောင့်သို့ ပေးပို့၍လည်းကောင်း မိမိတို့ အဆင်ပြေသလို ပါဝင်လှူဒါန်းနိုင်ကြောင်း အကျိုးဆောင်အဖွဲ့ထံမှ သတင်းရရှိပါသည်။

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster