Sunday, July 11, 2010

စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း ထာဝရငွေပဒေသာပင်အတွက် နိုးဆော်ခြင်း

စိတ္တသုခမြန်မာဘုန်းတော်ကြီးကျောင်းကို တောင်ကိုရီးယားနိုင်ငံရောက် မြန်မာများ၏ စုပေါင်းဒါနဖြင့် တည်ထားခဲ့ကြပါသည်။ ဤကျောင်းတော်ကြီး ရေရှည်တည်တန့်စေရေးအတွက် သဒ္ဓါတရားထက်သန်စွာ အလှူရှင်များမှ လစဉ်အလှူငွေများ ထည့်ဝင်လှူဒါန်းနေသဖြင့် ယခုဆိုလျှင် ကျောင်းတော်ကြီးကို ကျယ် ကျယ်ဝန်းဝန်း ခမ်းခမ်းနားနားဖြစ်အောင် ဆရာတော်နှင့် ကျောင်းအကျိုးတော်ဆောင်များမှ မွမ်းမံပြင်ဆင်ထားပြီး ဖြစ်ပါသည်။ အလှူပွဲများ တရားပွဲများကို တရားနာပရိတ်သတ်များ အလှူရှင်များ စိတ်ချမ်းမြေ့စွာ ဆောင်ရွက်နိုင်ကြပြီဖြစ်ပါသည်။ မြန်မာပြည်မှ တရားဟောဓမ္မကထိက ဆရာတော်များ ပင့်ဖိတ်ပြီး တရားပွဲများ ဆင်ယင်ကျင်းပ နိုင်ရန် နေရာထိုင်ခင်း အသင့်စီစဉ် ဆောင်ရွက်ထားပြီး ဖြစ်သည့် အတွက် နောင် အနာဂတ်ကာလများတွင် ကုသိုလ် တရားများ ဆထက်ထမ်းပိုး တိုး၍ ရယူနိုင်ကြပြီ ဖြစ်ပါသည်။

သို့ပါ၍ ဤကျောင်းတော်ကြီးသို့ အာစိဏ္ဏကံ ကုသိုလ်ဖြစ် လှူဒါန်းလိုသော ထာဝရအလှူ စေတနာရှင်များ၊ လစဉ်အလှူငွေ လှူဒါန်းလိုသော်လည်း စက်ရုံပြောင်းရွှေ့သွားသဖြင့် ရပ်ဝေးဒေသသို့ ရောက်နေ ကြသည့်စေတနာရှင်များ၊ တစ်ကြိမ်တည်း စုဆောင်း၍ စုပေါင်းလှူဒါန်းလိုသော စေတနာရှင်များ၊ အကြောင်း အမျိုးမျိုးကြောင့် မလှူဖြစ်ကြသေးသည့် စေတနာရှင်များ စသည်တို့အတွက် ကျောင်းတော်ကြီးမှ ထာဝရငွေပဒေသာပင် အဖြစ် လှူဒါန်းကုသိုလ်ပြုနိုင်ရေး စီစဉ် ဆောင်ရွက် ထားပါသည်။ မိမိတို့ အားလပ်ရက်(သို့မဟုတ်) အလှူအတန်းကျင်းပသည့် နေ့ရက် (သို့မဟုတ်)ဘဏ်ငွေလွှဲ၍ ဖြစ်စေ အစဉ်ပြေသလို လှူဒါန်း ကုသိုလ် ပြုနိုင်ကြပြီပါသည်။ ထာဝရ ငွေပဒေသာပင် အလှူရှင်များ အတွက် ကျောင်းတော်ကြီးမှ ဂုဏ်ပြု မှတ်တမ်း ပြန်လည်ပေးအပ်ပါမည်။ မိမိတို့ ဘာသာသာသနာ ထွန်းကားစည်ပင်စေရေး နိဗ္ဗါန်အကျိုးမျှော် နိုးဆော် လိုက်ရပါသည်။
စိတ္တသုခ ပြည့်စုံကြ ဒုက္ခထွေထွေ ကင်းပါစေ။
အပြည့်အစုံသို့...

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster