Monday, June 14, 2010

ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ဓာတ်ရောင်ခြည်စက်အတွက် စုပေါင်းလှူဒါန်းကြမည်…

ဒယ်ဂူးမြို့၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း ဆရာတော်နှင့် ကျောင်းအကျိုး ဆောင်များ၊ ဒယ်ဂူးမြို့ရှိ မြန်မာဆိုင်များ၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာဌာနတွင် လိုအပ်လျက်ရှိသည့် ကင်ဆာရောဂါ ဝေဒနာရှင်များအတွက် ဓာတ်ရောင်ခြည်စက် အလှူတော်ကို စုပေါင်းကာ အားဖြည့်လှူဒါန်းကြမည် ဖြစ်ကြောင်း သိရပါသည်။ ရန်ကုန်ဆေးရုံကြီးတွင် လိုအပ်သည့် ဓာတ်ရောင်ခြည်ပေးစက်မှာ တန်ဘိုးအလွန်ကြီးမားပြီး တစ်ဦးတစ်ယောက်တည်းဖြင့် လှူဒါန်းရန် မဖြစ်နိုင်သဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆေးရုံအုပ်ကြီးကိုယ်တိုင် ဦးဆောင်ကာ အလှူခံလျက် ရှိကြောင်းလည်း သိရပါသည်။ သို့ဖြစ်ပါ၍ ကျန်းမာရေး အလှူပြုလိုသူများ၊ စိတ်ဝင်စားသူများ အနေဖြင့် မည်သူမဆို အောက်ဖော်ပြပါ အကျိုးဆောင်များထံ ဆက်သွယ်ကာ မိမိတို့ တတ်နိုင်သမျှ အတိုင်းအတာဖြင့် ကုသိုလ်ပါဝင် လှူဒါန်းနိုင်ကြောင်း သတင်းရရှိပါသည်။

ဆက်သွယ်လှူဒါန်းရန်
၁။ ကိုရွှန်းဝင့်နွယ် (၀၁၀-၅၁၃၂-၅၂၉၉)
၂။ ကိုလင်းထိန်ဝင်း (၀၁၀-၄၃၄၅-၁၉၈၀)
၃။ နီးစပ်ရာ မြန်မာဆိုင်များ

ဓာတ်ရောင်ခြည်စက်အကြောင်း ဆောင်းပါးကို ဒီမှာ ဖတ်ရှုနိုင်ပါသည်။

လက်ရှိအလှူရှင်စာရင်း
၁။ စိတ္တသုခကျောင်း ဆရာတော် အရှင်ဝိစိတ္တ (မနာပဒါယီ) = ၂၀၀၀၀၀ (၀မ်နှစ်သိန်း)
၂။ စိတ္တသုခကျောင်း ကျောင်းအကျိုးဆောင်အဖွဲ့ = ၁၀၀၀၀၀ (၀မ်တစ်သိန်း)
၃။ ကိုလင်းထိန်ဝင်း နှင့် ဇနီး = ၁၀၀၀၀၀ (ဝမ်တစ်သိန်း)
၎။ United Brothers (မြန်မာစတိုး) မိသားစု = ၁၀၀၀၀၀ (၀မ်တစ်သိန်း)
၅။ ကိုရွှန်းဝင့်နွယ် = ၅၀၀၀၀(ဝမ် ငါးသောင်း)
၆။ ကိုလင်းလင်းစိန်(ဗိုလ်လင်း) =၅၀၀၀၀ (ဝမ် ငါးသောင်း)
၇။ ကိုလင်းလင်းစိုး = ၅၀၀၀၀ (ဝမ်ငါးသောင်း)
၈။ မကျန်ကျားရင် = ၅၀၀၀၀ (၀မ်ငါးသောင်း)
၉။ ကိုလှိုင်ဦး = ၅၀၀၀၀ (၀မ်ငါးသောင်း)
၁၀။ ကိုမျိုးညွှန့်အောင် = ၅၀၀၀၀ (၀မ်ငါးသောင်း)
၁၁။ကိုမျိုးညွန့်သိန်း=၂၀၀၀၀(ဝမ် နှစ်သောင်း)

ဆက်လက်ဖော်ပြပေးသွားပါမည်...

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster