Friday, June 4, 2010

အပတ်စဉ် တနင်္ဂနွေ( ၃၀-၅-၂၀၁၀) ၏ အလှူဒါန ဝမ်းမြောက်ဖွယ်ရာ....

၂၀၁၀ခုနှစ်၊မေလ (၃၀) ရက်၊တနင်္ဂနွေနေ့ တွင် (다산 주물 단지) ဒါဆန်း သံရေကြိုစက်ရုံမှ သူငယ်ချင်းများ စုပေါင်း၍ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း ၌ သင်္ကန်းကပ်လှူခြင်း၊ ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဆရာတော် အရှင်မြတ်အား နဝကမ္မ ဝတ္ထုဆက်ကပ်လှူဒါန်းခြင်း အပြင် ကျောင်းတော်ကြီးဝေယျာဝစ္စအတွက် ငွေပဒေသာပင် ဝမ် လေးသိန်း(၄၀၀၀၀၀) အား စေတနာ သဒ္ဓါတရားထက်သန်စွာ လှူဒါန်းခြင်းအတွက် ကျောင်းအကျိုးဆောင်များမှ ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုအပ်ပါကြောင်း.....
၃၀-၅-၂၀၁၀ ရက်နေ့ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ထံတွင် လက်ခံရရှိသော ငွေပဒေသာပင် အလှူရှင်များ-
ဝမ် လေးသိန်း အလှူရှင်-
- (다산 주물 단지) ဒါဆန်း သံရေကြိုစက်ရုံမှ သူငယ်ချင်းများ စုပေါင်းအလှူ
လစဉ်လှူဒါန်းရန် အတွက် အမည်စာရင်းရရှိထားသော ကုသိုလ်ရှင်များ...
လစဉ် ဝမ်တစ်သောင်းလှူဒါန်းလိုသူများ...
(၁) ကိုအာကာ
(၂) ကိုထွန်းမင်း

အဆိုပါနေ့တွင် ဆရာတော် နှင့် တကွ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းအလှူရှင် ဒကာ၊ဒကာမ များစုပေါင်း၍ ကျောင်းတော်ကြီးအတွက် ဆက်လက်လုပ်ဆောင်မည့် အစီအစဉ်များကို ဆွေးနွေး တိုင်ပင်ကြပါသည်။

(၁) ဆရာတော်မှ ကျောင်းပြောင်းရွေ့ခြင်းကိစ္စအတွက် ဘဏ္ဍာရေးအခြေအနေ၊ နေရာထိုင်ခင်း အခြေအနေ များကို လေ့လာသုံးသပ်ပြီး ယခုနေရာတွင်ဆက်လက် နေထိုင်သွားရန်၊ အခန်း၏ လိုအပ်သောပြုပြင် ပြင်ဆင်မှုများကို လုပ်ဆောင်သွားရန်၊ ငွေထိန်းသိမ်းမှုအပိုင်း။သုံးစွဲမှုအပိုင်းအတွက် ဘဏ်စာအုပ်အသစ်၊ Bank Account အသစ်တို့ဖြင့် ဆက်လက် ဆောင်ရွက်သင့်သည်များကို စီစဉ်ဆောင်ရွက်ကြရန် လမ်းညွှန် မိန့်ကြားပါသည်။

(၂) ကျောင်းအကျိုးတော်ဆောင် အဖွဲ့မှ မိမိတို့ တာဝန်ယူဖြေရှင်း ဆောင်ရွက်ပေးနေသည့် ငွေကြေးသုံးစွဲမှု အနေအထား၊ လစဉ်ကောက်ခံရရှိမှုအပေါ် ထိမ်းသိမ်းထား သည့်အခြေအနေ၊ အလှူရှင်များအနေဖြင့် လှူဒါန်း ထားသည့် ငွေများအတွက် မရှင်းလင်းသည့် ကိစ္စများ၊ မေးမြန်းစုံစမ်းမှုများအတွက် နားလည် သဘောပေါက်စေ ရန် အကျယ်တဝင့် ရှင်းလင်းသွားပါသည်။
ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ထိမ်းသိမ်းထားသည့် ဘဏ္ဍာငွေများထဲမှ အောက်ပါတို့ကိုသာ သုံးစွဲကြောင်း ရှင်းလင်းသွားပါသည်-
(၂-၁) လစဉ်ကုန်ကျငွေ အိမ်လခ၊ ရေ၊ လျှပ်စစ်မီတာ၊ ဂက်စ်၊ တယ်လီဖုန်း၊ အင်တာနက်၊ (အသေးစိတ် ကုန်ကျငွေကို ကြေငြာထားပြီး)
(၂-၂) အခါအားလျော်စွာ မီးဖိုချောင်သုံးပစ္စည်း၊အများအသုံးအဆောင် ပစ္စည်း ဝယ်ယူ ဖြည့်တင်းပေးခြင်း၊
(၂-၃) အခါအားလျော်စွာ ပရဟိတ လုပ်ငန်းများအတွက် မြန်မာပြည်(သို့မဟုတ်) အများ သဘောတူ လိုအပ် သောနေရာများသို့ လှူဒါန်းခြင်း။
တို့တွင်သာ ထုတ်ယူသုံးစွဲကြောင်း ရှင်းလင်းတင်ပြသွားပါသည်။

(၃)ကျောင်းအလှူရှင် များဘက်မှ ကျောင်းအခန်းဖွဲ့ခြင်း၊ပြင်ဆင်ခြင်းကိစ္စများအတွက် ဆွေးနွေး အကြံပြု ကြပြီး ကျောင်းပြုပြင်၊ပြင်ဆင်မှုအတွက် လိုအပ်သော အခန်း ဖွဲ့ခြင်း ကုန်ကျငွေကို ဂယောင်ဆန် စက်မှုဇုံမှ စေတနာ ရှင် လူငယ်များစုပေါင်းလှူဒါန်းရန် ဆန္ဒပြုသွားပါသည်။

ဆက်လက်၍ ကျောင်းဘဏ္ဍာငွေကို ယခုထက် ပိုမိုစုဆောင်းနိုင်ရန် လာမည့်ဝါဆိုသင်္ကန်း ကပ်လှူပွဲတွင် ငွေပဒေသာပင်များ စိုက်ထူလှူဒါန်းမှု အစီအစဉ် တစ်ခု ပြုလုပ်နိုင်ရေးကို ထပ်မံအကြံပြုဆွေနွေးကြပါသည်။


အပြည့်အစုံသို့...

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster