ဒယ်ဂူးမြို့ရှိ ရွှေမြန်မာများ စုပေါင်း၍သင်္ကြန်ပွဲတော် ကျင်းပမည်ဖြစ်ပါသည်။ ရပ်နီးရပ်ဝေးမှ ပါဝင်ဆင်နွဲလိုသော မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းများကို လိုက်လှဲနွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။ ပထမဦးစွာ ဒယ်ဂူးမြို့ စိတ္တသုခမြန်မာဘုန်းတော်ကြီးကျောင်း ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိစိတ္တ မှ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈယ်ပြီး ပရိသတ်များကို တရားရေအေး တိုက်ကျွေးဟောကြားတော်မူပါမည်။
ထို့နောက်အစားအသောက်နှင့် ကံစမ်းမဲအစီအစဉ်များ၊ ရေပက်ကစားခြင်းများကို ပျော်ရွှင်စွာ ကျင်းပမည်ဖြစ်ပြီး ညနေ(၄)နာရီတွင် အစီအစဉ်အားလုံးကို ရပ်ဆိုင်းပါမည်။
ကျင်းပမည့်ရက် ။ ။ ၁၈.၄.၂၀၁၀ (တနင်္ဂနွေနေ့)
ပွဲစတင်မည့်အချိန် ။ ။ မနက် ၁၁ နာရီ
ပွဲကျင်းပမည့်နေရာ ။ ။ San 45 Galsan-dong, Dalseo-gu, Daegu South Korea (갈산공원)
စားသောက်ဖွယ်ရာ ။ ။ ကြာဇံချက်၊ မုန့်လုံးရေပေါ်နှင့် အခြား မြန်မာ စားသောက်ဖွယ်ရာများ

မှတ်ချက်။ ။ မိမိအစီအစဉ်ဖြင့် လာရောက်ဒါနပြုလိုသူများ 010 5658 2250 ကို သောကြာနေ့နောက်ဆုံးထား၍ ဆက်သွယ်ပါရန်။
မြေပုံ
0 comments:
Post a Comment