တောင်ကိုရီးယားနိုင်ငံ ဒေဂူးမြို့ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း တစ်နှစ်ပြည့် အလှူပွဲနှင့် ဘူဆန်မြို့ ပြည်တော်ဦး ကိုရီးယား-မြန်မာ ဘုန်းတော်ကြီးကျောင်း ကျောင်းတက် မင်္ဂလာပွဲ သတင်း၊မှတ်တမ်းဓါတ်ပုံ
ကိုရီးယား နှစ်သစ်ကူး အားလပ်ရက်ဖြစ်သော (၁၄-၂-၀၂၊တနင်္ဂနွေနေ့)တွင် ဒေဂူးမြို့ စိတ္တသုခ မြန်မာ ဘုန်းတော်ကြီးကျောင်း၌ ကျောင်းတော်ကြီး တစ်နှစ် ပြည့်အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံရှိ HIV/AIDS ဝေဒနာရှင် ကလေးများကို ပြုစုစောင့်ရှောက်ပေးနေသော သုခရိပ်မြုံ ဂေဟာသို့ မြန်မာ ကျပ်ငွေ ၁၂ သိန်း ပေးပို့ လှူဒါန်းနိုင်ခဲ့ပါသည်။ စိတ္တသုခ မြန်မာ ဘုန်းတော်ကြီးကျောင်း ပဓာန နာယက ဆရာတော် ဦးဝိစိတ္တ မှ ဦးဆောင်၍ တောင်ကိုရီးယားနိုင်ငံ၊ဒေဂူးမြို့ရောက် မြန်မာ လူငယ်များ စုပေါင်းလှူဒါန်းကြခြင်း ဖြစ်ပါသည်။(မြန်မာပြည်တွင် လှူဒါန်းသည့် မှတ်တမ်း ကို သီးခြား တင်ပြပေးပါမည်။)
ထိုနေ့တွင် ဂယောင်ဆန်စက်မှုနယ်မြေရောက် 세인정기 စက်ရုံမှ မြန်မာညီအကို များ စုပေါင်း၍ အာရုံဆွမ်း၊ နေ့ဆွမ်း အလှူများ လှူဒါန်းကုသိုလ် ပြုကြပါသည်။
ထိုနေ့တွင် ဂယောင်ဆန်စက်မှုနယ်မြေရောက် 세인정기 စက်ရုံမှ မြန်မာညီအကို များ စုပေါင်း၍ အာရုံဆွမ်း၊ နေ့ဆွမ်း အလှူများ လှူဒါန်းကုသိုလ် ပြုကြပါသည်။
(၁၅-၂-၀၂၊တနလာင်္နေ့)တွင် ဘူဆန်မြို့၌ ပြည်တော်ဦး ကိုရီးယား-မြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်၊(မြန်မာ ဘုန်းတော်ကြီးကျောင်း) ကျောင်းတက်ပွဲ ကို ကျင်းပ ပြုလုပ်ပါသည်။ကျောင်းတက်ပွဲသို့ ကိုရီးယားနှင့် မြန်မာ ထေရဝါဒ ဆရာတော်များ၊ ကိုရီးယား မဟာယန ဆရာတော်များ ကြွရောက်တော်မူကြပါသည်။
ကျောင်းတက်ပွဲအခမ်းအနားသို့ ဒေဂူးမြို့နှင့် ဘူဆန်မြို့ရောက် မြန်မာ အလုပ်သမားများ၊ ကိုရီးယား ဗုဒ္ဓဘာသာဝင်များ အလှူရှင်များဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါသည်။
ကျောင်းတက်ပွဲအခမ်းအနားသို့ ဒေဂူးမြို့နှင့် ဘူဆန်မြို့ရောက် မြန်မာ အလုပ်သမားများ၊ ကိုရီးယား ဗုဒ္ဓဘာသာဝင်များ အလှူရှင်များဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါသည်။
သတင်း=ကိုဝင်းလတ်
အပြည့်အစုံသို့...
အပြည့်အစုံသို့...
0 comments:
Post a Comment