Monday, June 29, 2009

စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ဖိတ်ကြားခြင်း…

စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း ကျောင်းအကျိုးဆောင်များနှင့် ဘူဆန်-ဂင်မဲရှိ ရွှေညီအစ်ကိုများမှ ဦးဆောင်လျက် ကိုရီးယားရောက် မြန်မာများ၏ ပထမအကြိမ် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် မြန်မာညီအစ်ကိုမောင်နှစ်မများ အနေဖြင့် အတူတကွ ကုသိုလ်ယူကာ တရားတော်များ နာယူနိုင်ကြစေရန်နှင့် အဝေးရောက် မြန်မာအချင်းချင်း ချစ်ခင်ရင်နှီးတွေ့ဆုံနိုင်ကြစေရန် အထူးအလေးထား၍ အသိပေးဖိတ်ကြားအပ်ပါသည်။

နေ့ရက် = ၅-၇-၂၀၀၉ (၀ါဆိုလဆန်း ၁၄ရက်)၊ တနင်္ဂနွေနေ့
သင်္ကန်းဆက်ကပ်ချိန်နှင့် တရားနာချိန် = နံနက် ၁၀ နာရီ
ဧည့်ခံကျွေးမွေးချိန် = နံနက် ၁၁ နာရီခွဲမှ နေ့လည် ၂ နာရီအထိ (အထူးစပါယ်ရှယ် ကြက်သားဒံပေါက်ဖြင့် ဧည့်ခံကျွေးမွေးပါမည်)
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း (ဒယ်ဂု၊ ဒါးလ်ဆောဂု၊ ရှင်းဒါန်းဒုံ၊ ၀ါးလျုံးရှိဂျန်း အနီး)

မှတ်ချက်။ ။ ၀ါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းလိုသူများသည် သင်္ကန်းတစ်စုံလျှင် ၀မ် ၃၀၀၀၀(သုံးသောင်း) ဖြင့် အလှူနေ့မှာပင် ဘုန်းတော်ကြီးကျောင်းတွင် တိုက်ရိုက်လှူဒါန်းဆက်ကပ်နိုင်ကြပါသည်။

READ MORE......

Monday, June 22, 2009

အစည်းဝေးဖိတ်ကြားခြင်း…

စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း (ကိုရီးယား) ကျောင်းရေရှည်ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့၏ လပတ်အစည်းအဝေးကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် ကျောင်းအကျိုးဆောင်များ နှင့် ကျောင်းအထွေထွေ ဝေယျာဝစ္စအဖွဲ့ဝင်များအပါဝင် အားလုံးသော ရွှေမြန်မာအပေါင်းတို့အား တက်ရောက်အကြံပြု ဆွေးနွေးနိုင်ကြစေရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

နေ့ရက် = ၂၈-၆-၂၀၀၉ (တနင်္ဂနွေနေ့)
အချိန် = နေ့လယ် ၁ နာရီ
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း (ဒယ်ဂု၊ ဒါးလ်ဆောဂု၊ ရှင်းဒါန်းဒုံ၊ ၀ါးလျုံးရှီဂျန်းအနီး)

READ MORE......

Monday, June 1, 2009

မြန်မားများအတွက် အထူးတနင်္ဂနွေ...

စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း (ကိုရီးယား)တွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း အလှူပွဲများနှင့် နံနက် ၁၀နာရီမှ ၁၁နာရီအထိ တနင်္ဂနွေ အထူးတရားပွဲများကို ဆင်ယင်ကျင်းပ ပြုလုပ်လျက်ရှိရာ တရားဘာဝနာ နာကြားလိုသူများ၊ မိမိတို့ မြန်မာအချင်းချင်း ချစ်ခင်ရင်းနှီးစွာ တစ်ပျော်တစ်ပါး တွေ့ဆုံလိုသူများ အနေဖြင့် မည်သူမဆို ကျောင်းတော်သို့ ကြွရောက်နိုင်ပါကြောင်း အထူးအသိပေး ဖိတ်ကြားအပ်ပါသည်။

မှတ်ချက်။ ။ အလှူရှင်များ အနေဖြင့် သီးသန့်ဖိတ်ကြားမှုများကို မိမိတို့ အစီအစဉ်ဖြင့်သာ ဖိတ်ကြားခြင်းများ ပြုကြသဖြင့် ကျောင်းတော်မှ ယခုကဲ့သို့ ယေဘုယျသဘောသာ ဖိတ်ကြားလိုက်ခြင်း ဖြစ်ပါသည်။ အခြားအလှူရှင်များ အနေဖြင့်လည်း တနင်္ဂနွေ အားလပ်ရက်တွင် အလှူဒါန ပြုလုပ်လိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်ကာ ကြိုတင်အကြောင်းကြားနိုင်ကြပါသည်။

၀၅၃-၂၉၅-၉၂၂၀(ကျောင်းဖုန်း)
၀၁၀-၆၈၇၂-၃၈၅၆(ဆရာတော်)
၀၁၀-၇၂၅၂-၁၆၇၆(ကျောင်းအကျိုးဆောင်)

အပြည့်အစုံသို့...

READ MORE......
Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster