မြန်မာတို့၏ အစဉ်အလာ သတ်မှတ်ချက်ဖြစ်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အဖြစ် ဘုရားရှင်အား ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်ခြင်း၊ အမျိုးမျိုးသော ပန်းသစ်သီးဆွမ်းများဖြင့် ကပ်လှူပူဇော်ခြင်း နှင့် နုန်းဂုံး ရွှေညီအစ်ကိုများ၏ ပိဋကသုံးပုံ ပါဠိတော်၊ မြန်မာပြန် စာအုပ်များ ရေစက်ချ လှူဒါန်းခြင်း အလှူတော်မင်္ဂလာကို ဒယ်ဂုမြို့ရှိ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်းတွင် အောက်ပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် ရပ်နီးရပ်ဝေးရှိ ရွှေမြန်မာ အပေါင်းတို့အား တရားတော်နာ ကြွရောက်၍ ၀မ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ရန် ကျွန်တော်တို့ ကျောင်းအကျိုးဆောင်များနှင့် အလှူရှင် နုန်းဂုံး ရွှေညီအစ်ကိုများမှ လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
အလှူရှင် = နုန်းဂုံးရွှေညီအစ်ကိုများ
အလှူရှင် = နုန်းဂုံးရွှေညီအစ်ကိုများ
နေ့ရက် = ၁၀- ၅- ၂၀၀၉ (တနင်္ဂနွေနေ့)
ဗုဒ္ဓါပူဇာအချိန် = နံနက် ၅နာရီ (ဘုရားရှင်အား အနေကဇာတင်ပူဇော်ခြင်း)
တရားနာ ရေစက်ချချိန် = နံနက် ၁၀နာရီ
ဧည့်ခံကျွေးမွေးချိန် = နံနက် ၁၁ နာရီမှ နေ့လယ် ၂နာရီအထိ
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း (ဒယ်ဂု၊ ဒါးလ်ဆောဂု၊ ရှင်းဒါန်းဒုံ၊ ၀ါးလျုံးရှိဂျန်း အနီး)
မှတ်ချက်။ ။ ရပ်နီးရပ်ဝေးရှိ ရွှေညီအစ်ကိုများအနေဖြင့် မိမိတို့ နေရာအသီးသီးတွင် ကိုးကွယ်ပူဇော်ထားသည့် ဘုရားဆင်းတုတော်များအား ဘုန်းတော်ကြီးကျောင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့်အတူ အနေကဇာတင် ပူဇော်လိုပါက စနေနေ့ညအရောက် ကျောင်းတော်သို့ ပင့်ဆောင်ပူဇော်ထားပေးပါရန် အသိပေးအပ်ပါသည်။
အပြည့်အစုံသို့...

0 comments:
Post a Comment