Tuesday, March 3, 2009

၂၀၀၉၊ (၃) လပိုင်းအတွက် အလှူပွဲများ

စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း (ကိုရီးယား)တွင် နေ့စဉ်ဆွမ်းအလှူရှင်များမှ ပုံမှန် ဆွမ်းဆက်ကပ်လှူဒါန်းမှုများကို ပြုနေကြသကဲ့သို့ အထူးအလှူပွဲကြီးများအဖြစ် ရွှေညီအစ်ကိုများ တစ်ဦးချင်းဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ အများအားလပ်ရက်ဖြစ်သည့် တနင်္ဂနွေနေ့များတွင် ဆရာတော်နှင့်တကွ ကြွရောက်လာသည့် မည်သည့်ဧည့်သည်များကိုမဆို သဒ္ဓါတရားထက်သန်စွာ လှူဒါန်းကျွေးမွေးမှုများ ပြုနေကြသည်မှာ အလွန်အားရ ၀မ်းမြောက်ဖွယ် ကောင်းလှပါသည်။ ယခု (၃)လပိုင်းအတွက်လည်း လှူဒါန်းရန် ကြိုတင်လျှောက်ထားမှုများ ရှိနေပြီဖြစ်သဖြင့် နောက်ထပ်အလှူဒါန ပြုလိုသူများအနေဖြင့် အောက်ဖော်ပြပါ အလှူရှင်များ၏ အလှူရက်များကို ရှောင်၍လှူဒါန်းနိုင်ကြစေရန် အသိပေးဖော်ပြအပ်ပါသည်။

၁။ ၈- ၃- ၂၀၀၉ (တနင်္ဂနွေနေ့)
ကိုအောင်ကို ဦးဆောင်သော ယုံအမ်းမှ သူငယ်ချင်းများ

၂။ ၁၅- ၃- ၂၀၀၉ (တနင်္ဂနွေနေ့)
ကိုအောင်နိုင်ဦး ဦးဆောင်သည့် ရွှေကမ္ဘာစတိုး မိသားစု

၃။ ၂၂- ၃- ၂၀၀၉ (တနင်္ဂနွေနေ့)
ကိုသိန်းအောင်မိသားစု

၎။ ၂၉- ၃- ၂၀၀၉ (တနင်္ဂနွေနေ့)
ဂုမီနှင့်ယက်မုက်မှ ရွှေညီအစ်ကိုသူငယ်ချင်းတစ်စု

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster