Monday, January 26, 2009

အခြေခံ ကိုရီးယားဘာသာစကားသင်တန်းနှင့် အခြေခံ ဗုဒ္ဓဘာသာဆိုင်ရာ ဟောပြောပွဲ သင်ကြားဟောပြော ပို့ချပေးမည်

အခြေခံ ကိုရီးယားဘာသာစကားသင်တန်း

စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း (ကိုရီးယား)တွင် ကိုရီးယားနိုင်ငံတွင် လာရောက် အလုပ် လုပ်နေကြသော မြန်မာနိုင်ငံသား ရွှေညီအစ်ကိုများအတွက်ရည်ရွယ်၍ ကိုရီးယားဘာသာစကား (အခြေခံ အရေး၊ အဖတ်၊ အပြောနှင့် နားထောင်ရည်စွမ်း) သင်တန်းကို ကျောင်းထိုင်ဆရာတော်ကိုယ်တိုင် ယခုလာမည့် တနင်္ဂနွေ(၃၁-၁-၂၀၀၉)နေ့မှ စတင်ကာ အပတ်စဉ် ပို့ချသင်ကြား ပေးမည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူ ရွှေညီအစ်ကိုများ မည်သူမဆို အောက်ပါအစီအတိုင်း လာရောက်တက်ရောက် နိုင်ပါကြောင်း သီတင်းကောင်း ပါးအပ်ပါသည်။
အချိန် = နေ့လယ် ၂ နာရီမှ ၄ နာရီအထိ
နေ့ = အပတ်စဉ် တနင်္ဂနွေနေ့တိုင်း
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း (ဒယ်ဂု၊ ၀ါးလျုံးရှိဂျန်းအနီး)
ပို့ချပေးမည့် စာအုပ်= Korean made easy for beginners (Seung Eun Oh)

မှတ်ချက်။ ယခု သင်တန်းသည် ကိုရီးယားဘာသာစကားကို ဘာမျှ မသိသေးသူများ အတွက်သာ အခြေခံအဖြစ် ပို့ချပေးမှာဖြစ်ပြီး ယခု သင်တန်းပြီးပါက ကိုရီးယား နိုင်ငံသားများ ကိုယ်တိုင်လာရောက် ပို့ချပေးရန် စီစဉ်ထားပါသည်။ သင်တန်းတက်လို သူများသည် စာအုပ်ကို မိမိတို့အစီအစဉ်အတိုင်း ၀ယ်ယူလာကြရန် ဖြစ်ပါသည်။


အခြေခံ ဗုဒ္ဓဘာသာဆိုင်ရင် ဟောပြောပွဲ
ဗုဒ္ဓဘာသာဝင်များ ဖြစ်နေကြသော်လည်း ဗုဒ္ဓဘာသာအကြောင်း ဘာမျှမသိသေးသူများ၊ မိရိုးဖလာဗုဒ္ဓဘာသာဝင်များ၊ ဗုဒ္ဓဘာသာဆိုင်ရာများကို လေ့လာလိုသော်လည်း အခွင့်အရေး မရှိကြသူများ၊ ဗုဒ္ဓဘာသာဝင် မဟုတ်သော်လည်း ဘာသာရေးအပေါ် စိတ်ဝင်စားသူများ စသူစသူတို့အတွက် ရည်ရွယ်၍ ယခု ဤအခြေခံ ဗုဒ္ဓဘာသာဆိုင်ရာ ဟောပြောပွဲကို ဆရာတော်ကိုယ်တိုင် ပြုလုပ်ဟောပြောပေးမှာ ဖြစ်ပါသည်။ တရားပွဲပုံစံမျိုးမဟုတ်ဘဲ လွတ်လပ်စွာ နားထောင်ဆွေးနွေး မေးမြန်းနိုင်သည့် ဘာသာရေးဆိုင်ရာ စကားဝိုင်းဟု ပြောလျင်လည်း ရနိုင်ပါသည်။ ဘာမှ မသိသေးသည်နှင့်စာလျှင် တစ်လုံးတစ်ပါဒမျှ သိရှိသွားသည်က ပို၍အကျိုးများနိုင်သည့်အတွက် အခွင့်အရေးကို လက်လွတ်မခံကြဖို့ တိုက်တွန်းလိုပါသည်။

ယခု ဤအခြေခံ ဗုဒ္ဓဘာသာဆိုင်ရာ ဟောပြောပွဲကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ညနေ ၅နာရီမှ ၆နာရီအထိ တစ်နာရီခန့် ပို့ချဟောပြောပေးမည်ဖြစ်ပါသဖြင့် စိတ်ဝင်စားသူများ မည်သူမဆို တက်ရောက်နားထောင် နိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။


0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster