Thursday, November 13, 2008

စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း ရေရှည်ထိန်းသိမ်း စောင့်ရှောက်ရေး အကျိုးဆောင်အဖွဲ့

စိတ္တသုခမြန်မာဘုန်းတော်ကြီးကျောင်း အမြန်ဆုံးအကောင်အထည် ပေါ်ပေါက်လာရေးဟူသော ရည်ရွယ်ချက်ဖြင့် ကျောင်းတော်ဖြစ်မြောက်ရေး အကျိုးဆောင်အဖွဲ့ (ယာယီ)ကို ဖွဲ့စည်းပြီး ကျောင်းဖြစ်မြောက်ရေးအတွက် အထူးကြိုးစားဆောင်ရွက်ခဲ့သည်ကို သိကြပြီးဖြစ်သည်။ ယခုအခါ ဘုန်းတော်ကြီးကျောင်း အကောင်အထည်ပေါ်လာပြီဖြစ်သဖြင့် ယင်းကျောင်းတော်အား ရည်ရှည်တည်တံ့ရန်အတွက် ဆက်လက်ဆောင်ရွက်ရန် လိုအပ်လာပြန်လေသည်။ ထို့ကြောင့် ၉ - ၁၁- ၂၀၀၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အစည်းအဝေးမှ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း ရေရှည်ထိန်းသိမ်း စောင့်ရှောက်ရေး အကျိုးဆောင်အဖွဲ့ဟူသော အမည်ဖြင့် အောင်ပါအကျိုးဆောင်များ ပါဝင်သည့် ကျောင်းအကျိုးဆောင် အဖွဲ့ကို ယခင် ယာယီဖွဲ့စည်းထားရာမှ အသစ်တစ်ဖန် အတည်ပြုဖွဲ့စည်းလိုက်ပါသည်။ အကျိုးဆောင်အဖွဲ့ ဖွဲ့စည်းရာတွင် မအားလပ်သည့်ကြားမှ မိမိတို့၏ ကိုယ်ပိုင်အချိန်များကို ကျောင်းအတွက် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ပေးနိုင်မည်ဟု ထင်ရသည့် သူများဖြင့် အထူးရွေးချယ် ဖွဲ့စည်းထားပါသည်။ အကျိုးဆောင်အဖွဲ့တွင် မပါဝင်သော်လည်း ကျောင်းကိစ္စနှင့် ပတ်သက်သည်များကို တတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီဆောင်ရွက် ပေးနေသူများကိုလည်း ကျောင်းအကျိုးတော်ဆောင်များဟုပင် ဆိုနိုင်ကြောင်း ဦးဆောင်ဆရာတော် ဦးဝိစိတ္တမှ မိန့်တော်မူထားသဖြင့် ဘုန်းတော်ကြီးကျောင်း ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် မိမိတို့တတ်နိုင်သည့်ဘက်မှ ၀ိုင်းဝန်း အကျိုးဆောင်ပေးကြပါရန် အထူးမေတ္တာရပ်ခံ တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ဆရာတော် ဦးဝိစိတ္တ
၁။ ကိုမော်ကြီး
၂။ ကိုမင်းနိုင်
၃။ ကိုလှထွန်း
၎။ ကိုဘုန်းနိုင်
၅။ ကိုရွှန်းဝင့်နွယ်
၆။ ကိုမြင့်ဇော်
၇။ ကိုမျိုးညွှန့်အောင်
၈။ ကိုနေမျိုး
၉။ ကိုကျော်ကျော်မြင့်
၁၀။ ကိုအောင်ကျော်ငြိမ်း
၁၁။ ကိုဇေယျာတင့်
၁၂။ ကိုကျော်မင်းဟန်
၁၃။ ကိုဇော်သူရ
၁၄။ ကိုလင်းထိန်ဝင်း
၁၅။ ကိုဌေးအောင်ခိုင်
၁၆။ ကိုဝင်းစိန်
၁၇။ ကိုထွန်းထွန်းအေး
၁၈။ ကိုစိန်ချွန်

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster