Thursday, November 13, 2008

ဘုရားအနေကဇာတင်နှင့် အစည်းအဝေးဖိတ်ကြားခြင်း

ကိုရီးနိုင်ငံ အောက်ပိုင်းတွင် မြန်မာဘုန်းတော်ကြီးကျောင်းတစ်ကျောင်း ပေါ်ပေါက်လာရေးဟူသော ရည်ရွယ်ချက်ဖြင့် ကြိုးစားလာခဲ့ကြသည်မှာ ယခုအခါ ဆရာတော်ဦးဝိစိတ္တ၏ ဦးဆောင်မှု၊ ကျောင်းဖြစ်မြောက်ရေး အကျိုးဆောင်များ၏ တက်ကြစွာ ကြိုးစားအားထုတ်မှု၊ ရွှေညီအစ်ကိုများ၏ စေတနာ သဒ္ဓါတရားထက်သန်စွာ ထည့်ဝင်လှူဒါန်းမှုတို့ကြောင့် အချိန်အတိုအတွင်းမှာပင် ယင်းရည်ရွယ်ချက် စတင်အကောင်အထည် ပေါ်လာပြီဖြစ်ပါသည်။ ရရှိလာသည့် အလှူငွေများနှင့် ထိုက်တန်သည့် အဆောက်အဦ နေရာတစ်ခုကို ပြီးခဲ့သည့် ၂၄-၉-၂၀၀၈ရက်နေ့က တစ်နှစ်စာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်ပါသည်။ ထို့ကြောင့် ယင်းစိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးအပူဇော်ခံမည့် ဗုဒ္ဓဆင်းတုတော်အား ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းနှင့် ကျောင်းအကျိုးဆောင်များ၏ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်သည့် အစည်းအဝေးကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် ကျောင်းအကျိုးဆောင်များနှင့် ရွှေညီအစ်ကိုများအား လေးစားစွာ မေတ္တာရှေ့ထား ဖိတ်ကြားအပ်ပါသည်။

နေရက် = ၉-၁၁-၂၀၀၈ (တနင်္ဂနွေနေ့)
အချိန် = နံနက် ၅နာရီတွင် ဘုရားအနေကဇာတင်ခြင်း၊ နေ့လယ် ၁နာရီတွင် အစည်းအဝေးကျင်းပခြင်း
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း (ကိုမော်ကြီးဆိုင်မှ တစ်ဆင့်မေးမြန်းစုံစမ်းလာပါရန်)


အထူးအသိပေးခြင်း
ဆရာတော်ဦးဝိစိတ္တအနေဖြင့် ယခုအပတ် စနေ၊ တနင်္ဂနွေ (၈၊ ၉-၁၁-၂၀၀၈ရက်နေ့) မှ စတင်ကာ ဒီဇင်ဘာလ အကုန်အထိ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် ကျောင်းတော်၌ ကြွရောက်သီတင်းသုံး နေထိုင်တော်မူမည် ဖြစ်ပြီး ၂၀၀၉၊ ဇန္န၀ါရီ ၁ရက်နေ့မှစတင်ကာ အမြဲနေထိုင် သီတင်းသုံးတော်မူမည်ဖြစ်ကြောင်း သိရပါသည်။ သို့ဖြစ်၍ ဆရာတော်အား တွေ့ဆုံဖူးမြော်၊ မေးမြန်းလျှောက်ထားလိုသူများ အနေဖြင့် အထက်ပါ အချိန်များအတွင်း ကျောင်းတော်သို့ လာရောက်ဖူးမြော် လျှောက်ထားနိုင်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

0 comments:

Recent Posts Widget | Webaholic

RECENT POSTS

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster